ကယားပြည်နယ်ခန်းမသို့ ရောက်ရှိနေသော ဒုချုပ်စိုးဝင်းနှင့်အဖွဲ့အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၅
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုသည့် ညစာစားပွဲသို့ ရောက်ရှိနေ သည့် ဒုချုပ်စိုးဝင်းနှင့်အဖွဲ့အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီက လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ခန်မ၌ ကျင်းပသော ၇၃ နှစ်မြောက်ကယားပြည်နယ်နေ့ အခမ်းအနား ညစာ စားပွဲသို့ တက်ရောက်နေသည့် ဒုချုပ် စိုးဝင်း နှင့်အပေါင်းအပါများအား ၁၀၇ မမရှော့ဒုံး လုံးဖြင့်လည်းကောင်း၊ တပြိုင်နက်တည်းတွင် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားသည့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် – ဒကစ (လွိုင် ကော်) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ၆ လုံးကိုအောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်သေဆုံးပျက်စီးမှု နောက်ဆက်တွဲအခြေအနေကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထိုသို့ တိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ ဒုတပ်ချုပ် စိုးဝင်းသည် ဇန်နဝါရီလ ၁၅ ရက် နေ့တွင်ကျရောက်သည့် ၇၃ နှစ်မြောက် ကယားပြည်နယ် နေ့ကို တက်ရောက်ရန် ရောက်ရှိနေသည် ဟု ကြားသိရသဖြင့် ဒုချုပ်စိုးဝင်းနှင့် အပေါင်းအပါတို့ ကို တိုက်ရိုက် တိုက်ခိုက် လို၍ BWM Mission 29 ကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မျက်စိမှိတ်ယုံကြည် အားကိုးနေ သော စစ်ခေါင်းဆောင်များသည်ပင် အသက်အန္တရာယ်အတွက်အမြဲစိုးရွံ့နေရသည့် ခံစားမှုမျိုး ရစေ ရန်နှင့် ဖြစ်နိုင်လျှင် သုတ်သင်ပစ်ရန်ပါ ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထား သည်။
စိုးဝင်းသည် ပြည်သူများကို နှိပ်စက်နေသော ခေါင်းဆောင်များ အနက်မှ နံပါတ် ၂ ခေါင်းဆောင် ဖြစ် ပြီး ၎င်းသေလျှင် တော်လှန်ရေးအတွက် ကြီးမားသော အောင်ပွဲပင်ဖြစ်ကြောင်း၊ စိုးဝင်းနှင့်အပေါင်းပါ များကို တိုက်ခိုက်ရန် ခက်ခဲစွာတိုက်ခိုက်ခဲ့ရပြီး BWM အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့နှင့် Anti-Coup People’s Liberation Force – ACPLF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခဲ့သည့် ရဲဘော်များ အားလုံး အချိန်ယူ၍ ခက်ခဲစွာဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ရသော်လည်း ရဲဘော်အားလုံး ဘေးကင်းလုံခြုံရာနေရာ အသီး သီးသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media