Ayarwaddy News

0 0
Read Time:2 Minute, 46 Second

ဧရာဝတီတိုင်း တပ်ရင်း၊တပ်ဖွဲ့များအတွက် လက်နက်တပ်ဆင်ပေးနိုင်ရန် တော်လှန်ရေးရုပ်ရှင် ပြသ၊ ရရှိငွေ ကျပ်သိန်း ၄၀၀ ခန့်ကို ထောက်ပံ့ထားနိုင်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၅

 

ဧရာဝတီတိုင်း အတွင်း တပ်ရင်း၊ တပ်ဖွဲ့များအတွက် လက်နက်တပ်ဆင်ပေးနိုင်ရန် တော်လှန်ရေး ရုပ် ရှင်ပြသပြီး ရန်ပုံငွေရှဖွေခဲ့ရာ ကျပ်သိန်း ၄၀၀ ခန့်ကို ထောက်ပံ့ကူညီထားနိုင်ပြီဖြစ်ကြောင်း ရုပ်ရှင် ထုတ်လုပ်သူ ဦးချစ်က သံလွင် မြန်မာသတင်းဌာနထံသို့ ပြောကြားသည်။

 

၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီတိုင်းအတွင်း စစ်ဆင်ရေးဆင်နွှဲနိုင်ရန် တော်လှန်ရေးရုပ်ရှင် Fight Delta Fight ဇာတ်လမ်းကို ရိုက်ကူးပြီး ကနေဒါနိုင်ငံ၊ ဂျမေကာနိုင်ငံ ၊ ဩစတြေးလျနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ယူကေ နိုင်ငံတို့တွင်ပြသခဲ့ရာ ငွေကျပ်သိန်းပေါင်း ၄၀၀ ခန့်ရရှိခဲ့ပြီးရရှိငွေအားလုံးကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာန (ဧရာဝတီ) တာဝန်ခံ ရဲဘော်ကောင်းကျော်ထံ ပေးအပ်ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“FIGHT DELTA FIGHT ရုပ်ရှင် ကနေ ရရှိတဲ့ ငွေများအားလုံးကို ပထမအကြိမ် သိန်း ၁၀၀ နဲ့ ဒုတိယ အကြိမ် သိန်း ၃၀၀ လောက်ကို ဧရာဝတီက တိုင်းစစ်ရေးတာဝန်ရှိသူ ကိုကောင်းကျော်ထံကို လွှဲ ပြောင်း ပေးအပ်လိုက်တယ်၊ ဒါက ၂၀၂၄ ခုနှစ် အတွင်း နိုင်ငံပေါင်း ၅ နိုင်ငံပြသပြီး ရရှိခဲ့တဲ့ ငွေ ကြေးပါ။ ဒီဇာတ်လမ်းပြသမှုကနေ ရရှိတဲ့ငွေက ဧရာဝတီတိုင်း တပ်ရင်းတပ်ဖွဲ့တွေကို လက်နက် တပ်ဆင်ပေးဖို့ ရည်ရွက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်၊ ရုပ်ရှင်ပြသပေးခဲ့တဲ့ ဦးသန်းလွင်နဲ့ ကော်မတီ ဝင်တွေကို အထူးကျေးဇူးတင်ရှိပါတယ်” ဟု ရုပ်ရှင် ထုတ်လုပ်သူ ဦးချစ်က သံလွင်မြန်မာသတင်း ဌာနထံသို့ ပြောကြားသည်။

 

ယခု ၂၀၂၅ ခုနှစ်တွင်လည်း ကျန်နိုင်ငံများတွင် ဆက်လက်ပြသသွားမည်ဖြစ်ပြီး FIGHT DELTA FIGHT ရုပ်ရှင် Page မှ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းရုပ်ရှင်အား အခြားသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှ ရောင်းချခြင်း၊ အွန်လိုင်းမှ လှုံဆော်ကာ တော်လှန်ရေး အကျိုးအမြတ်ထုတ်ခြင်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *