ရွှေဘိုမြို့နယ်၊ ပလိုင်ရွာမှ ကင်းစောင့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်ရွာမှ ကင်းစောင့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ပလိုင်း ပကဖ လျှပ်စီးမုန်တိုင်းပျောက်ကျားတပ်ဖွဲ့ထံမှ သိရ သည်။
ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းမှ ကင်းစောင့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တော်လှန် ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အကြမ်းဖက်စစ်သား ၂ ဦးထံမှ လက်နက်ကောက်ယူရန် ကြိုးစားခဲ့သော်လည်း ရွှေ ဘိုမြို့တွင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်း၊ ပလိုင်းရွာ စစ်တပ်စခန်းအတွင်းမှ စက်လက်များဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် ကောက်ယူနိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ပလိုင်း စစ်ခွေး စခန်းက ကင်းယူဖို့ ထွက်လာတဲ့ စစ်ခွေးတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာ တိုက်ပွဲကြာမြင့်ချိန်က မိနစ် ၃၀ လောက်ရှိတယ်။ ထိတွေ့မှုအတွင်းမှာ စခ ၂ ဦး လဲကျသေဆုံးသွားတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ လက်နက်ကောက်ယူဖို့ လုပ်တဲ့ အချိန်မှာ စခအထိုင်စခန်းကလည်း စက်လက်တွေ ရမ်းပစ်တယ်။ ရွှေဘိုမြို့ ၄၂ တပ်ကလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်လို့ ပြန်ဆုတ်ခဲ့ရတာ” ဟု ပလိုင်း ပကဖ လျှပ်စီးမုန်တိုင်းပျောက်ကျား တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပလိုင်း ပကဖ လျှပ်စီးမုန်တိုင်းအဖွဲ့၊ ဂဠုန်ကြီး ၊ အောင်ဘော်၊ ရှပ်တေး၊ IC ကျော်ကြီး နှင့် CDF Shwebo ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media