PNLA News

0 0
Read Time:6 Minute, 39 Second

ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီ ၊ PNO တပ်မှ စစ်ကြောင်းမှူးအပါအဝင် ၂၀ ဦး ထက်မနည်း သေဆုံးပြီး တိုက်ပွဲအတွင်း ဖမ်းမိသည့် PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က နှိပ်စက် သတ်ဖြတ်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၄

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၊ PNO ပူး ပေါင်းတပ်မှ စစ်ကြောင်းမှူးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးကာ တိုက်ပွဲအတွင်း ဖမ်းမိသည့် PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က နှိပ်စက်သတ်ဖြတ်လိုက်ကြောင်း PNLA သတင်းနှင့်ပြန် ကြားရေး ဌာန ထံက သိရသည်။

 

ဇန်နဝါရီလ ၁၂ ရက်နေ့က ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ဝင်များနှင့် တနေကုန်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး PNLA တပ်ဖွဲ့မှ လည်း ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးအရှင်ဖမ်းခံလိုက်ရကြောင်း သိရသည်။

 

ထိုသို့ တိုက်ပွဲအတွင်း ဖမ်းဆီးရရှိသည့် PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်များက ဇန်နဝါရီလ ၁၃ ရက် နံနက် ၈ နာရီအချိန်တွင် အသက်ရှင်လျက် ဖမ်းဆီးထားသည်ကို ထုတ်ပြန်ခဲ့ကြောင်း၊ သို့ သော် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ဖမ်းမိထားသည့် PNLA ရဲဘော် ၅ ဦးကို နှိပ်စက်သတ် ဖြတ်ထားသည့် ဓာတ်ပုံများ ထုတ်ပြန်လာခဲ့ကြောင်း သိရသည်။

“ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ထီစုံကျေးရွာအနီးမှာ တိုက်ပွဲတနေကုန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ တိုက်ပွဲမှာတော့ ရန်သူဘက်က စစ်ကြောင်းမှူး တစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်းကျဆုံးသွား တယ်၊ ပြီးတော့ ကျနော်တို့ PNLA ရဲဘော်တစ်ဦးလည်း ကျသွားတယ်။ ရဲဘော် ၅ ဦးလည်း အဖမ်းခံခဲ့ ရပါတယ်။ တိုက်ပွဲအတွင်းမှာ အဖမ်းခံခဲ့ရတာပေါ့။ အဲဒီအဖမ်းခံရတဲ့ ရဲဘော် ၅ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့ ၁၀ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သတ်ဖြတ် လိုက်တာဖြစ်ပါတယ်” ဟု PNLA သတင်းနှင့်ပြန် ကြားရေး ဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြော ကြားသည်။

 

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA တပ်ဖွဲ့သည် စစ်အာဏာရှင်စနစ်အား တိုက် ခိုက်နေသည့် တပ်ဖွဲ့ဖြစ်ပြီး တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ ၊ PNO ပြည်သူ့စစ် တပ်ဖွဲ့ ဝင်များကို နှိပ်စက်သတ်ဖြတ်ခြင်းများ မပြုလုပ်ခဲ့ပဲ စစ်သုံပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားခဲ့ သော်လည်း PNO ပြည်သူ့စစ်ကမူ ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို ရက်စက်စွာ နှိပ်စက်သတ် ဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည် သူ့စစ်အဖွဲ့က ရွာအလည်ပြန်သည့် PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးကြောင်း သိရသည်။

 

“ဒီလိုမျိုး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို သတ်ဖြတ်တယ်၊ နှိပ်စက်တယ်ဆိုတာက စစ်ရဲ့စည်းမျဉ်းစည်း ကမ်းဥပဒေနဲ့လည်းမကိုက်ညီဘူး။ ဒါက လုပ်လို့မရဘူး။ နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနဲ့လည်း မကိုက်ညီဘူး၊ လုပ်လို့မရဘူး။ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါမျိုး လုပ် ရပ်တွေက အင်မတန် အောက်တန်းကျတဲ့၊ ယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ ဒီစစ်အာဏာရှင် စနစ်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲအတွင်း ကျနော်တို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရော၊ PNO ပြည်သူ့စစ် ရော ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ သို့သော်လည်း ကျနော်တို့ စစ်သုံ့ပန်းဥပဒေ လုပ်ထုံလုပ်နည်းနဲ့အညီ ထိန်းသိမ်းထားပါတယ်။ ကျနော်တို့ နှိပ်စက်သတ်ဖြတ်တာ မပြုခဲ့ဘူး” PNLA သတင်းနှင့်ပြန် ကြားရေး ဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောကြားသည်။

 

ပအိုဝ်းလူမျိုးအချင်းချင်းသည် PNLA တပ်ဖွဲ့၏ ရန်သူမဟုတ်ကြောင်း၊ စစ်အာဏာရှင်စနစ်သည်သာ တတိုင်းပြည်လုံး၏ ရန်သူဖြစ်ပြီး ယခု တနိုင်ငံလုံးဖြစ်ပွားနေသည့် တိုက်ပွဲသည် စစ်အာဏာရှင်စနစ် ကို တိုက်ဖျက်နေသည့် တိုက်ပွဲဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA က ပြောဆိုထားသည်။

 

“PNO မှာ ဦးဆောင်နေတဲ့လူတွေအနေနဲ့ ကိုယ့်လုပ်ရပ်ကို သေသေချာချာ ပြန်ပြီးတော့ စဉ်းစား သုံး သပ် ကြည့်ကြပါ။ စစ်ကောင်စီရဲ့အကျိုးအတွက်၊ စစ်အာဏာရှင်ရဲ့ အကျိုးအတွက် ကိုယ့်လူမျိုး အ ချင်းချင်းကို ဒီလိုမျိုး ပြန်လည်ပြီးတော့မှ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတာမျိုး လုပ်နေကြရတာ ပျော် နေသလား။ လုပ်ရဲ့ကြသလား။ လုပ်ရဲ့နေကြသလား။ ကိုယ့်လူမျိုးကို လူမျိုးတုန်းအောင်လုပ်နေရ တာ ပျော်နေသလား။အခုဖြစ်နေတဲ့ စစ်ပွဲတွေက လူမျိုးအချင်းချင်းတိုက်ခိုက်နေတဲ့ စစ်ပွဲတွေ၊ တိုက် ပွဲတွေ မဟုတ်ပါဘူး။ ဒါက စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒါက တစ် နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်မှာ စစ်အာဏာရှင်စနစ်ကို အ ထောက်အကူ ပြုနေတဲ့ လုပ်ရပ်တွေကို ဆက်မလုပ်ကြဖို့ အလေးအနက်ပြောလိုပါတယ်” ဟု PNLA သတင်းနှင့်ပြန် ကြားရေး ဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *