CDM News

0 0
Read Time:5 Minute, 3 Second

၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း စစ်သား၊ ရဲ ၂၉ ဦး အလင်းဝင်၊ ၈၀ မမ၊ ၆၀ မမ လက် နက်ကြီးများ အပါအဝင် လက်နက် ၂၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၄

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း စစ်သား၊ ရဲ ၂၉ ဦး အလင်းဝင်၊ ၈၀ မမ၊ ၆၀ မမ လက် နက်ကြီးများ အပါအဝင် လက်နက် ၂၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနထံက သိရသည်။

 

ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများသို့ ဆက်သွယ်ကာ အ လင်း ဝင်ရောက်ခဲ့သူ စစ်သား၊ ရဲ ၂၉ ဦးနှင့် MA–1 အမျိုးအစားသေနတ် ၁၃ လက်၊ MA-2 အမျိုး အစား သေနတ် ၁ လက်၊ MA-3 အမျိုး အစားသေနတ် ၃ လက်၊ MA-4 အမျိုး အစား သေနတ် ၁ လက်၊ G-3 အမျိုးအစား သေနတ် ၂ လက်၊ MA ကျည်ဘောက် ၂၉ ဘောက် ၊ စနိုက်ဘာ သေနတ် ၁ လက်၊ စက်လက် သေနတ် ၁ လက်၊ ၈၀ မမ လက်နက်ကြီး ၁ လက်၊ ၆ ၀မမ လက်နက်ကြီး ၁ လက်၊ လက်ပစ်ဗုံးသီး ၁၀ လုံး၊ 7.62 ကျည် ၅၇၄ တောင့်၊ MA ကျည် ၁၀၅၈ တောင့်၊ ပို့ကျည် ၅ တောင့် နှင့် အီနာဂါဗုံးသီး ၁ လုံး တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံသို့ G-3 အမျိုးအစား သေတ် ၁ လက်၊ 7.62 ကျည် အတောင့် ၅၀ ၊ ကျည်အိမ် ၂ ခုဖြင့် အလင်းဝင်ရောက် ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ် ကြောင်း၏ စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးသည် MA-1 အမျိုး အစား သေနတ် ၁ လက်၊ MA-3 အမျိုး အ စား သေနတ် ၁ လက်၊ MA ကျည် ၄၃၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး နှင့် MA ကျည်ဘောက် ၉ ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း ၃၊ ၅ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦးသည် ၈၀ မမ လက်နက်ကြီး ၁ လက်၊ ၆၀ မမ လက်နက်ကြီး ၁ လက်၊ စက်လက် အမျိုး အစား သေနတ် ၁ လက်၊ စနိုက်ဘာ အမျိုးအစား သေနတ် ၁ လက်၊ MA-1 အမျိုးအစား သေနတ် ၇ လက်၊ MA-2 အမျိုးအစားသေနတ် ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ MA-4 အမျိုးအစား သေနတ် ၁ လက် တို့နှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရ သည်။

 

ဇန်နဝါရီလ ၉ ရက်နေ့တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး သည် G-3 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၃၄၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ဘောက် ၂ ခု တို့ဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၉ ရက်နေ့တွင်ပင်ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေး စခန်းမှ တပ်သား ၂ ဦးသည် MA-1 အမျိုးအစား သေနတ် ၂ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ နာနတ် သီးဗုံး ၂ လုံး၊ MA ကျည် ၁၆၆ တောင့်၊ ပို့ကျည် ၅ တောင့်၊ ကျည်အိမ် ၁၀ ခုဖြင့် ပခုက္ကူခရိုင် တပ်ရင်း-၈ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် ယာယီအ‌ခြေပြု နေသော ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီး ခမရ-၁၃ မှ ပြည်သူ့စစ်တပ်သား ၂ ဦးသည် MA-1 အမျိုးအစား သေနတ် ၂ လက်၊ MA ကျည် အတောင့် ၄၆၀ ဖြင့် ရွှေဘိုခရိုင် တပ်ရင်း-၂ ထံသို့ အလင်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း အပတ်စဉ် ၅ သင်တန်းဆင်း ခမရ ၅၅၉ တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သား ၂ ဦး တောင်ပိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၃ ဒေါနတပ်ရင်းသို့ လက်နက်များဖြင့် အလင်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါတပ်သား ၂ ဦးသည် စစ်ကောင်စီတပ်၏ အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွင် ပါဝင်ခဲ့ကြရ သူများဖြစ်ပြီး ၎င်းတို့နှင့်အတူ MA-1 အမျိုးအစား သေနတ် ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၁၇၅တောင့်၊ ကျည်ဘောက် ၆ ဘောက် ၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ အလင်းဝင်‌ ရောပက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *