Bago News

0 0
Read Time:2 Minute, 24 Second

ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာနေ ပြည်သူများကို သွေးချင်းချင်းနီအောင် ရိုက်နှက်နှိပ်စက် သည့် သန်းဆွေဦး ပစ်ခတ်ခံရ ပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၄

 

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာနေပြည်သူများကို သွေးချင်းချင်းနီအောင် ရိုက် နှက်နှိပ်စက်သည့် သန်းဆွေဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ကြို့ပင်ကောက်မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – GBK PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၁ ရက် ည ၇ နာရီတွင် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာနေ အကြမ်းဖက် စစ် တပ်အတွက် အလုပ်လုပ်ပေးနေသူ တစ်ဦးဖြစ်သည့် သန်းဆွေဦးအား သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) ကြိုပင်ကောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

သန်းဆွေဦးသည် အကြမ်းဖက်စစ်တပ်ကို ခေါ်ဆောင်ကည PDFထောက်ပို့များဟု စွပ်စွဲကာ ပြည် သူအချို့ကို နေအိမ်များအတွင်း အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးခြင်း၊ အဓမ္မဖမ်းဆီးခြင်း ခံရသော ပြည်သူအချို့အား ၄င်းကိုယ်တိုင် မျက်နှာပုဝါစီးပြီး သွေးချင်းချင်းနီအောင် ရိုက်နှက်နှိပ်စက်ခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ သွားလာလှုပ်ရှားမှုများကို ဓာတ်ပုံနှင့်တကွ သတင်းအချက် အလက် များရယူကာ အကြမ်းဖက်စစ်ကောာင်စီထံ သတင်းပေးခြင်း ၊ ပြည်သူလူထု အပေါ် အနိုင်ကျင့် ဗိုလ် ကျ မိုက်ရိုင်းစော်ကားခြင်းတို့ လုပ်ဆောင်နေသောကြောင့် အရေးယူ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ပြည်သူကာကွယ်ရေးတပ်ဖွဲများအနေဖြင့် ဂျပန်ခေတ်အလိုတော်ရိများကဲ့သိုသော လူတန်းစားများ ကဲ့သို့ ဖောက်ပြန်သည့်လူ တန်းစားများကို တိုက်ထုတ်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အစဉ်အမြဲရှိကြရန် တိုက်တွန်းနှိးဆော်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *