TNLA News

0 0
Read Time:6 Minute, 29 Second

ခုခံကာကွယ်ရန် လက်နက်ကိုင်ထားရမည်ဖြစ်သလို အိမ်နီးချင်းနိုင်ငံများ၏ စေ့စပ်လှုံဆော်မှုအရ တွေ့ဆုံဆွေးနိုင်ရေးကိုလည်း အမြဲတမ်းအသင့်ပြင်ဆင်ထားရှိဟု TNLA ပြော

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၃

 

မိမိကိုကိုယ်ခုခံကာကွယ်ရန်အတွက် လက်နက်ကိုင်ထားရမည်ဖြစ်သလို အိမ်နီးချင်းနိုင်ငံများ၏ စေ့ စပ်လှုံဆော်မှုအရ တွေ့ဆုံဆွေးနွေးရေးကိုလည်း အမြဲတမ်းအသင့်ပြင်ဆင်ထားကြောင်း PSLF/TNLA ဥက္ကဌာ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျရောက်သည့် “၆၂” နှစ်ပြည့် တအာင်းအမျိုးသား တော်လှန် ရေးနေ့” ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မိမိတို့ တအာင်းတိုင်းရင်းသားဟာ ဌာနေတိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တာနဲ့အညီ တစ်ဖက်မှာ လည်း မိမိ ကိုယ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် မိမိလက်နက် မိမိလက်ထဲရှိထားရမှာဖြစ်သလို ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စေ့စပ်လှုံ့ဆော်မှုတွေကနေ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင် ဖို့လည်း အမြဲတမ်းအဆင်သင့် ပြင်ဆင်ထားရှိ ပြီးသားလည်းဖြစ်တယ်။ ဒါပေမဲ့လည်း တော်လှန်ပြည်သူများနဲ့အတူ နိုင်ငံ့အတွင်း စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်သစ် ထူထောင်ရေးဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အဖွဲ့အစည်း အနေနဲ့ အခြားတော်လှန်ရေးအင်အားစုများနဲ့အတူ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်ပြီး ကြိုး ပမ်းဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။” ဟု ၎င်းက ပြောကြားသည်။

ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်မူဝါဒ မ ပြောင်းလဲကြသေးသည့် ဒေသတွင်းရှိ နိုင်ငံ့အချို့၏ ရပ်တည်ချက်များကြောင့် တစ်တိုင်းပြည်လုံး တော်လှန်ရေးအင်အားစုများနှင့်အတူ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေအတွင်း စစ်အာဏာရှင် အုပ်စု၏ အုပ်ချုပ်ရေးယန္တယား နောက်ထပ်တစ်ကြိမ် အခြေမစိုက်နိုင်စေရန် တအာင်းတပ်မတော် သားများနှင့် ဒေသခံပြည်သူများက ဟန်ချက်ညီညီ အစွမ်းကုန် ကြိုးပမ်း ကာကွယ်သွားရမည် ဖြစ် ကြောင်း အသိပေးထားသည်။

 

PSLF/TNLA တအာင်းတပ်မတော်ဖြင့် မဟာမိတ်အဖွဲ့အစည်းများ၊ ဒေသတွင်းရှိ လူမျိုးပေါင်းစုံ ပြည် သူများ၏ ကြိုးစားအားထုတ်မှုများမှ ရရှိလာသည့် အောင်မြင်မှု အသီးအပွင့်များကို တန်ဖိုးထား မြတ်နိုးသလို အခြားတိုင်းရင်းသား တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ရရှိသည့် နယ်မြေများကိုလည်း အသိအမှတ်ပြု တန်ဖိုးထားကြောင်း ဆက်လက်ပြောဆိုသည်။

 

လက်နက်ကိုင်တော်လှန်ရေး အင်အားစုအချင်းချင်းလည်း မိတ်ဖက်နိုင်ငံရေး နည်းလမ်းဖြင့် ဒေသ တွင်း၌ ဖြစ်ပွားနေသည့် ပြဿနာအချို့ကို ဖြေရှင်းနိုင်ရန်အတွက်လည်း အကောင်းဆုံးနည်းလမ်းရှာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးကာလအတွင်း ဘုံရန်သူ၏ တိုင်းရင်း သားအချင်းချင်း စည်းလုံးမှုပျက်ပြားရေး မဟာဗျူဟာ အသက်ဝင်မလာမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ကြီးတားအိုက်ဘုန်းကပြောကြားသည်။

 

၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်လည်ဖွဲ့စည်းထူထောင်ခဲ့သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၏ နိုင်ငံရေးအန္တိမပန်းတိုင် အချက် ၃ ချက်တွင် တအာင်းတမျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည် နယ်တည်ဆောက်ရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး တို့ဖြစ်ကြောင်း သိရသည်။

 

တအာင်းဒေသရှိ ရေမြေတောတောင် သဘာဝသယံဇာတ၊ နယ်မြေအတွင်းရှိ လူမျိုးပေါင်းစုံ မိဘ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ခေတ်အဆက်ဆက် လက်ဝါးကြီးအုပ်စိုးကာ စစ် အာဏာရှင် လက်တစ်ဆုပ်စာက ၎င်းတို့ကိုယ်ကျိုးအတွက် လိုသလို အတင်းအဓမ္မ ရယူသိမ်းပိုက်ခြင်း မှ လွတ်မြောက်စေရန် စွမ်းဆောင်ပေးကြသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ လူမျိုး ပေါင်းစုံ မိဘပြည်သူများ၊ တအာင်း အာဇာနည်ခေါင်းဆောင် အရာရှိ ရဲဘော်၊ ရဲမေအပေါင်းတို့အား အစဉ်တန်ဖိုးထားဂုဏ်ယူအလေးပြုကြောင်း၊ တအာင်း လူမျိုး အဖိနှိပ်ခံဘဝလွတ်မြောက်မှုကနေ တစ်တိုင်းပြည်လုံး ဘုံရန်သူ စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုအောက်မှ အလုံးစုံ လွတ်မြောက်နိုင်ရန် အတွက် ဆက်လက်ကြိုးပမ်းပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အသိပေးထားသည်။

 

တအာင်းလူမျိုးသည် မြန်မာနိုင်ငံအတွင်းရှိ ဌာနေတိုင်းရင်းသားလူမျိုးစာရင်းဝင်သော လူမျိုးတမျိုး ဖြစ်ပြီး တအာင်း(ပလောင်)တစ်မျိုးသားလုံး လိုလားတောင်းတသည့် ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး၏ အန္တိမပန်းတိုင် အချက် (၃) ချက် ပြီးမြောက်စေရန် PSLF/TNLA အရာရှိများ ရဲဘော်၊ ရဲမေများ၏ အသက်၊ သွေး၊ ချွေး ကိုယ်ခန္ဓာအစိတ်အပိုင်းများစွာ၊ ဒေသခံလူထု၏ အိုးအိမ် အဆောက်အဦးမြောက်များစွာ စွန့်လွှတ်ပေးဆပ်ခဲ့ကြရသည့်အတွက် အစဉ်လေးစားတန်ဖိုးထားကာ မပြီးမြောက်သေးသည့် တော်လှန်ရေးခရီးကို ဆက်လက်တိုက်ပွဲဝင်သွားရမည်ဖြစ်သည်ဟု ဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *