၂၀၂၄ ခုနှစ်အတွင်း တောင်ပိုင်းစစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင် စီတပ်တို့ ကြား တိုက်ပွဲပေါင်း ၈၈ ကြိမ်ဖြစ်ခဲ့ပြီး တပ်ရင်း ၃ ရင်း၊ ဗျူဟာ ၁ ဗျူဟာနှင့် ကာကင်း တပ် စခန်းငယ် ၁၁ ခုကို သိမ်းပိုက်ရရှိ၊ စစ်သား ၄၀၀ ကျော်သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၃
၂၀၂၄ ခုနှစ်တစ်နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ် ဒေသခွဲ၊ ဗျူဟာ ၃၂ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပေါင်း ၈၈ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် တပ်ရင်း ၃ ရင်း၊ ဗျူဟာ ၁ ဗျူဟာနှင့် ကာကင်းတပ် စခန်း ငယ် ၁၁ ခုကို သိမ်းပိုက်ရရှိ၊ စစ်သား ၄၀၀ ကျော်သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန် သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အ မှတ် ၃ ဗျူဟာ ၃၂ စစ်ကြောင်းများဖြစ်သော ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Venom စစ်ကြောင်းတို့နှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲပေါင်း ၈၈ ကြိမ်ဖြစ် ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ တပ်ရင်း ၃ ရင်း၊ ဗျူဟာ ၁ ဗျူဟာနှင့် ကာကင်းတပ် စခန်းငယ် ၁၁ ခုတို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၁၃ ဦး သေ ဆုံးကာ ၃၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများစွာကိုလည်း ပူးပေါင်းတပ် ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး တနှစ်အတွင်း လက်နက်ဖြင့် အလင်းဝင်သူ စစ်ကောင်စီတပ်သား ၁၇ ဦး၊ လက်နက်မဲ့ အလင်းဝင်သူ စစ်ကောင်စီတပ်သား ၆ ဦး စုစုပေါင်း ၂၃ ဦး ရှိကြောင်း၊ အလင်းဝင် ရောက်လာသူများကို ထိုက်တန်သောဆုချီးမြှင့်ခြင်းနှင့် ဘေးကင်းလုံခြုံစေရန် စီမံဆောင်ရွက်ခြင်း များပြုလုပ်ပေးခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲများအတွင်းဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း ၂၁ ဦး ရှိပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့် လျှောက်ထားကြောင်း အသိပေးထားသည်။
ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ အကြိမ် ၁၀၀ ကျော်နှင့် လက် နက်ကြီးပစ်ကူ အကြိမ်ရေ ၆၃၇၄ ကြိမ်နှင့်အထက် ရှိခဲ့ရာ မိမိတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၄၀ ဦး တိုင်းပြည်အတွက်မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၉၀ ဦး ရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media