ကျိုက်မရောမြို့နယ်၊ ကဒါကျေးရွာရဲစခန်းနှင့်တောင်ကလေးကျေးရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကဒါကျေးရွာ ရဲစခန်းနှင့် တောင်ကလေးကျေးရွာရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း NMSP -AD တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားများ ခြေကုပ်ယူထားသည့် ကျိုက်မ ရောမြို့နယ်၊ ကဒါကျေးရွာရဲစခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) NMSP-AD တပ်၏ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အာဏာသိမ်းစစ်ကောၚ်စီတပ်သား ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၂ ရက် နေ့လည်း အကြမ်းဖက် စစ်ကောၚ်စီတပ်တွေနေရာယူထားသည့် တောၚ်ကလေးကျေးရွာ ရဲစခန်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောၚ်စီတပ်သား ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောၚ်း သိရသည်။
Thanlwin Myanmar Media