တောင်သာမြို့နယ်၊ နန်းမြင့်တောင်ရွာတိုက်ပွဲတွင် စစ်သား၊ ရဲ၊ ပျူ ၂၀ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၃
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နန်းမြင့်တောင်ရွာ တိုက်ပွဲတွင် စစ်သား၊ ရဲ ၊ ပျူ ၂၀ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသနှင့် မြင်းခြံခရိုင် တပ်ရင်း ၃ ထံမှ သိရသည်။
ဇန်နဝါရီလ ၁၁ ရက် နံနက် ၅ နာရီခန့်က တောင်သာမြို့ စွပ်ကျယ်စက်ရုံမှ အကြမ်းဖက် စစ်သား ၃၀ ဦး ခန့်ပါ ခြေလျင် စစ်ကြောင်းသည် ဒေသနေပြည်သူ လူငယ် တစ်ဦးကို ပေါ်တာဆွဲ၍ တောင်သာမြို့ နယ်၊ နန်းမြင့်ရွာ အရှေ့ဘက်ရှိ နန်းမြင့်တေင်စွယ်ဘုန်းကြီးကျောင်းကို ဝင်ရောက်ခဲ့ကြောင်း၊ ထို့အ ပြင် မြင်းခြံမြို့မှ ထွက်လာသော ပျူများလည်း နန်းမြင့်တောင်စွယ်ဘုန်းကြီးကျောင်းကို ရောက်ရှိပူး ပေါင်းကာ တောင်သာမြို့နယ်အတွင်း စစ်ကြာင်းထိုးရန် စုရုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြင်းခြံခရိုင်တပ်ရင်း ၃ Drone Team မှ 28kg ဗုံးသီးများဖြင့် ပစ်ခတ်ခြင်း ၊ MGN District Drone TeamမှDrone များ ပစ်ခတ်ခြင်း ၊ တောင်သာမြို့နယ် ပကဖနှင့်အတူ အနီးကပ် ထိပ်တိုက်ပစ် ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသော အကြမ်းဖက်စစ်သားများက လေကြောင်း ပစ်ကူခေါ်ခဲ့ရာ ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တပ်ဖျောက်တိုက်ခိုက်နိုင်ခဲ့သဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းမခံခဲ့ရကြောင်း သိရ သည်။
ယင်းနေ့ တိုက်ခိုက်မှုသည် ညမှောင်ချိန်အထိ တိုက်ခိုက်ခဲ့ပြီးနောက် ဆက်လက်တိုက်ခိုက်ရန် အဆင် မပြေတော့သဖြင့် ဝန်းရံ ပိတ်ဆို့ထားကာ ဇန်နဝါရီလ ၁၂ ရက် နံနက် ၇ နာရီ ၃၀ အချိန်တွင် အနီး ကပ် ဝင်လုံးတိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်ဟု ဆိုသည်။
ထိုသို့ပြင်ဆင်ထားခဲ့သော်လည်း အကြမ်းဖက်စစ်သား၊ ပျူများသည် မြင်းခြံမြို့ဘက်မှ စစ်ပေးရန် တောင်းခံခဲ့သော်လည်း စစ်ကူလာရောက်နိုင်ခြင်းမရှိပဲ မြင်းခြံမြို့ ပျူခေါင်းဆောင် သီတာယုမွန်မှ ပြန်လည်ဆုတ်ခွာရန် အမိန့်ပေးကာ ကား ၄ စီးဖြင့် မြင်းခြံမြို့သို့ ဆုတ်ခွာခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့သို့ ပြန်လည် ဆုတ်ခွာလာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဖြတ်တောက်ရေး တပ်ဖွဲ့များဖြစ်သည့် တောင်သာမြို့နယ် ပကဖ ၊ စွန်ရဲ (မြင်းခြံပကဖ) ၊ မြင်းခြံခရိုင်တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း ၇ နှင့် တပ်ရင်း ၈ တို့မှ ဖြတ်တောက်ပစ်ခတ်ခဲ့ရာ ကား ၄ စီး အနက် ရှေ့ဆုံး ကားပေါ်ရှိ မြင်းခြံပျူများအားလုံး ၂၀ ဦးခန့် သေဆုံးသွားကြောင်း၊ ကျန်ကားများကို ပစ်ခတ်ခဲ့သော် လည်း အလျှင်အမြန်မောင်းပြေးသွားသဖြင့် လွှတ်ပေးလိုက်ရကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည့်အပြင် ဖမ်းဆီးခံရသည့် ဒေသနေပြည်သူလည်း ပြန်လည်လွတ်မြောက်ခဲ့ ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း က ထုတ်ပြန်ထားသည်။
ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသည့် MA-1 အမျိုးအစား သေနတ် ၁ လက်၊ MA-3 အ မျိုးအစား သေနတ် ၆ လက်၊ G-3 အမျိုးအစား သေနတ် ၃ လက်၊ MA ကျည် ၅၁ တောင့်၊ G-3 ကျည် ၁၅၉ တောင့်၊ 9 Volt ကျည် ၈ တောင့်၊ ကျည်အိမ် ၂၄ ခု၊ Jammer အကြီး ၁ လုံး၊ ကျောပိုး Jammer ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media