Karenni State News

0 0
Read Time:1 Minute, 59 Second

ဘောလခဲမြို့မှ ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ၊ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၃

 

ကရင်နီပြည်၊ ဘောခလဲမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ် ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က အတည်ပြုပြောကြားသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၇ နာရီခန့်က ဘောလခဲမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ် ကြောင်း ကို မိုင်းထန်နှင့် ဝမ်ပလန်ကြားအရောက် ကရင်နီတော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက မိုင်း ဆွဲပြီး လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ လက် နက် ၄ လက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုင်းနဲ့တိုက်ခိုက်ခဲ့တာပဲရှိတာ၊ အသေးအမွှားလေးပဲ၊ အကြီးအကျယ်တော့မဟုတ်ဘူး။ မိုင်းထန်နဲ့ ဝမ်ပလန်ကြားမှာပဲ၊ ဘောလဲမြို့ပြင်မှာပေါ့၊ဘောလခဲက နေထွက်လာတာ၊ ရိက္ခာပို့ဖို့လား၊ ဘာလုပ်ဖို့ လည်းတော့မသိဘူး။ သေတာလည်းရှိတယ်၊ လက်နက်တွေရတာလည်းရှိတယ်။ ရှေ့ဆက်တက်မ လာတော့ပဲ သူတို့စခန်းထဲကို ပြန်ဝင်သွားတာ။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြော ကြားသးည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများရှိခဲ့ပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *