မြန်မာပြည်တဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ် ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်း TNLA ကြေညာ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၂
မြန်မာပြည်တဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ် ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်း TNLA ကြေညာလိုက်သည်။
ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၆၂) နှစ်မြောက် တအာင်းအမျိုးသားတော် လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်း ကြေညာချက်လိုက်ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းပြည်အနှံ့အပြားရှိ မိဘပြည်သူ များအားလုံး၏ စုပေါင်းတော်လှန်မှုကြောင့် ဘုံရန်သူစစ်အုပ်စုသည် တိုက်ပွဲများတွင် အရှုံးနှင့် ဆက်တိုက်ရင်ဆိုင်နေရကြောင်း သိရသည်။
ထိုသို့ အကြီးအကျယ်စစ်ရှုံးနေသည့်အကြမ်းဖက် စစ်ကောင်စီသည် ဆေးရုံ၊ ကျောင်း၊ ဘာသာရေး အဆောက်အုံ၊ ဈေး၊ လူနေအိမ် အစရှိသည့် အရပ်သားပြည်သူများနေထိုင်ရာကို ဦးတည်ပြီး လေ ယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်တိုက် ပြုလုပ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ တော်လှန်ရေးအရှိန် အားကောင်းနေသည့်ကာလတွင် တအာင်းတပ်မတော်တပ်ဖွဲ့ဝင်များ၊ ခေါင်းဆောင်များ၊ တအာင်းဒေသခံမိဘပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် တအာင်းဒေသ အများစုတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ယင်းတို့၏စစ်အုပ်ချုပ်ရေးယန္တရားအားလုံးကို ဖယ်ရှားရှင်းလင်း နိုင်ခဲ့သည်မှာ တအာင်းဒေသ မိဘပြည်သူအားလုံး၏ တော်လှန်ရေးအောင်ပွဲကြီးဖြစ်ကြောင်း TNLA က အသိပေးထားသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ဦး ဆောင် ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်း များကို အခြေခံကာ “တော်လှန်ရေးကာလအစိုးရအစီအမံ’အား အတည်ပြု ကာ “ပြည်သူ့အစိုးရ’တရပ် အမြန်ဆုံး ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
တအာင်းဒေသခံပြည်သူလူထုတို့၏ တော်လှန်ရေးအောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင် ရန်အတွက် မြန်မာပြည်တဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်း ကာ နစက မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်းကြေညာထား ခြင်းဖြစ်သည်။
တအာင်းလူမျိုးတို့ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်နိုင်ရန်အတွက် နှစ်ကာလ ပေါင်းများစွာ ရှည်ကြာသည့် တော်လှန်ရေးခရီးကြမ်းတွင် အသက်သွေးချွေး၊ စည်းစိမ် ဥစ္စာ ပေါင်းမြောက်များစွာ စွန့်လွှတ်ခဲ့ကြသော တအာင်းမိဘပြည်သူများ၊ တပ်ဖွဲ့ဝင်များ၊ ခေါင်း ဆောင်များအားလုံးကို ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦးမှ အစဉ်အမြဲဦးညွှတ် အလေးပြုပြီး သမိုင်းမှတ်တမ်းတင်ထားမည် ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media