တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် မူဆယ်၊ မိုင်းယု(၁၀၅) မိုင်လမ်းကို စစ်ကောင်စီတပ်က ငွေသိန်းချီ တောင်းခံကာ လမ်းပြန်ဖွင့်ပေးနေ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၂
တစ်နှစ်ကျော်ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည့် မူဆယ်နှင့် မိုင်းယု(၁၀၅)မိုင်လမ်းကို စစ် ကောင်စီ တပ်သားများက ငွေ သိန်းချီတောင်းခံကာ လမ်းပြန်ဖွင့်ပေးနေကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။
ဒီဇင်ဘာလကုန်ခန့်ကစတင်ပြီး မူဆယ်နှင့် မိုင်းယု (၁၀၅) မိုင်ခန်းကို အကြမ်းဖက်စစ်သားနှင့်၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်များက အိမ်စီးကား ၁ စီးလျှင် အသွားအပြန် ၂ သိန်း၊ ဆိုင်ကယ်တစ်ကြိမ် ဖြတ်လျှင် ငွေကျပ် ၅၀၀၀ တောင်းခံကာ ဖြတ်သန်းခွင့်ပြုပေးနေခြင်းဖြစ်ပြီး ပုံမှန်သတ်မှတ်ထား သည် ပိုမိုကောက်ခံကာ ခွင့်ပြုပေးနခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖြတ်သန်းခွင့်ပြုရာတွင် စစ်ကောင်စီတပ်က တရားဝင်ဖြတ်သန်းခွင့်ပေးခြင်းထားခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့တောင်းခံသည့်ငွေကိုပေးနိုင်လျှင် ဖြတ်သန်းခွင့်ပြုပေးနေခြင်းဖြစ်ကြောင်း ကုန်တင်ကား၊ ဓာတ်ဆီနှင့်ဒီဇယ်တင်ယာဥ်များကို လုံးဝဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းသည် ၁၅ မိနစ်ခန့်သာ သွားလာရသည့်လမ်းဖြစ်သော်လည်း မူဆယ် -နမ့်ခမ်း – နမ့် ဖက်ကာ- မိုင်းယု (၁၀၅) မိုင်ဘက်မှာကွေ့ပတ်ကာ ၄ နာရီခန့်ကြာသည်အထိ သွားရနေရကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ MNDAA နှင့် AA တို့က မိုင်းယု (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မူဆယ်နှင့် မိုင်းယု (၁၀၅) မိုင် လမ်းကို စစ်ကောင်စီတပ်မှ ပိုမိုတင်းကြပ်စွာပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး တစ်နှစ် ကျော်ကြာသည်အထိ ပြန်လည်ဖွင့်ပေးခြင်းမရှိပဲ ပိတ်ထားခဲ့ရာက ယခုအခါ လာဘ်ငွေယူပြီး ဖြတ်သန်းခွင့်ပြုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းမြောက်ရှိ မြို့နယ်အားလုံးနီးပါး ဆုံးရှုးလိုက်ရသော စစ်ကောင်စီတပ်သည် လက်ကျန် ထိန်းချုပ် နေဆဲဖြစ်သည့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ တခြားမြို့သို့ ကုန်စီးဆင်းခွင့်မရအောင် ပိတ်ပင် ထားခြင်း၊ ဖြတ်သန်းခွင့်ရရှိသော ကုန်တင်ကားများကိုလည်း အဆမတန် ငွေများတောင်းခံကာ ဖြတ် သန်း ခွင့်ပြုခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media