CDM News

0 0
Read Time:2 Minute, 49 Second

ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခမရ ၅၅၉ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၂ ဦး လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၂

 

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၉ တပ်ရင်းမှ စစ်မှု ထမ်းသင်တန်းဆင်း တပ်သား ၂ ဦး လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း ဒေါနစစ် ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် နေ့က အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်း သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းတပ်သား ၂ ဦးဖြစ်သည့် တပ်သား စန်းထွန်းအောင် နှင့် တပ်သား အောင်မျိုးကျော်တို့ သည် ဘုတ်ပြင်းမြို့နယ် အခြေစိုက် ခမရ ၅၅၉ ၌ တာဝန်ထမ်း ဆောင်နေစဉ် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာကာ ဒေါနတပ်ရင်းသို့ အလင်းဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တပ်သား စန်းထွန်းအောင်သည် MA3 အမျိုးအစားသေနတ် ၁ လက်၊ ကျည် ၁၀၀ တောင့်၊ ကျည် ဘောက် ၃ ဘောက် ၊ လက်ပစ်ဗုံး ၁ လုံး ဖြင့်လည်းကောင်း၊ တပ်သားအောင်မျိုးကျော်သည် MA1 အမျိုးအစား သေနတ် ၁ လက် ၊ ကျည် ၇၅ တောင့် ၊ ကျည်ဘောက် ၃ ဘောက်ဖြင့် လည်း ကောင်း အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က အတင်းအဓမ္စစစ်သား စုဆောင်းခံရသူတွေပါ။ သင်တန်းကာလကတည်းက ထွက်ပြေးဖို့ ကြိုးစားနေတာ၊ တပ်ထဲကနေ အမြဲထွက်ပြေးဖို့ စဉ်းစားနေတဲ့သူတွေ၊ ကင်းချိန်လစ်တာနဲ့ တပြိုင် တည်းထွက်ပြေးလာကြတာ။” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် စစ်သား ၂ ဦးကို ဒေါနတပ်ရင်းမှ ကောင်း မွန်စွာ လက်ခံထားပြီး ဒေါန‌တပ်ရင်းတွင် CDM ပြုလုပ်ကာ အလင်းဝင်ရောက်လာသည့်ပြည်သူ့ဘက် တော်သား စစ်ကောင်စီတပ်သားများလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များနှင့်အတူ တာဝန် ထမ်းဆောင်နေသူများရှိကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်များကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံ ရသူများ အပါအဝင်ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နီးစပ်ရာ တော်လှန် ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း အသိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *