SAC News

0 0
Read Time:5 Minute, 14 Second

စစ်တပ်လော်ဘီ ကျော်စိုးဦးကို စစ်တပ်က ဖမ်းဆီးထားပြီး ရိုက်နှက်စစ်ဆေးနေဟု လော်ဘီ ဇော်ဘုန်းဟိန်း ပေါက်ကွဲ ပြောဆို

 

သံလွင်မြန်မာ

ဇန်နဝါရီလ ၁၁

 

စစ်ကောင်စီဘက်တော်သား လော်ဘီကျော်စိုးဦးကို စစ်တပ်က ဖမ်းဆီးထားပြီး သေလုမျောပါး ရိုက်နှက်စစ်ဆေးခံနေရတယ်လို့ လော်ဘီ ဇော်ဘုန်းဟိန်းက ပေါက်ကွဲပြောဆိုနေပါတယ်။

 

ဇန်နဝါရီလ ၉ ရက် ည ၉ နာရီခန့်က စစ်ကောင်စီလော်ဘီကျော်စိုးဦးနေထိုင်ရာ နေပြည်တော် ၊ ဇဗ္ဗူ သီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ သုခတော်ဝင်အိမ်ရာဝန်းအတွင်းသို့ စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက် ည ၉ နာရီအချိန်အထိ ပြန်လည်လွှတ်ပေးခြင်း မပြုပဲ ရိုက်နှက်စစ်ဆေးနေရာ သေလုမျောပါးခံစားနေရတယ်လို့ ဆိုပါတယ်။

 

“ကျနော်တနေကုန်အောင့်အီးပြီးနေတယ်။ နေတယ်ဆိုတာက ကျနော်က မပြောဘူး၊ မပြောဘူးဆို တာက မနေ့ညက ၉ နာရီကျော်ကျော်လောက်မှာကတည်းက ကိုကျော်စိုးဦးကို သူတို့ရဲ့ နယ်ခံ စရတ က လာခေါ်သွားတယ်။ တခြားသတင်းတွေမှာလည်း တက်နေပြီ။ လာခေါ်သွားတာက ရပ်ကွက် အုပ် ချုပ်ရေးမှူးက အရင်ဖုန်းဆက်ပြီးတော့မှ ကိုကျော်စိုးဦးကို ခေါ်တာ။ အဲဒီမှာ ကိုကျော်စိုးဦးက လည်း သူက တွေ့စရာလည်းအကြောင်းမရှိဘူးပေါ့။ ဘာမှလည်း သူပြသနာလုပ်ထားတာမရှိဘူး ဆိုပြီးတော့ ခင်များတို့ ဒါအခုမှ ချပြလိုက်တာနော်။ ကိုကျော်စိုးဦးကို သူတို့ရပ်ကွက်ပေါ့၊ သူတို့နေတဲ့နေရာပေါ့၊ သုခတော်ဝင်ထဲမှာနေမှာပေါ့။ ဖုန်းဆက်တယ်၊ ဖုန်းဆက်တော့ ကိုကျော်စိုးဦး တွေ့စရာ အကြောင်း မရှိ ပေါ့၊ သူကလည်း ဘာမှန်းမသိတော့ ၊ ညဘက်ကြီးဆိုတော့။ အဲဒီအချိန်မှာ တကယ်လို့ စရတ ဆိုရင် လည်းသူ့ကိုပဲ ဖုန်းပေးလိုက်ပေါ့။ ဒါမှမဟုတ်ရင်လည်းသူ့ဖုန်းနံပါတ်ကျနော့် ပေး၊ ကျနော် ဆက် မယ်ပေါ့၊ နောက်ပိုင်းကျတော့ လူ ၇ ယောက်လောက်ရှိမယ်။ ကိုကျော်စိုးဦးအိမ်ကို၊ ကိုကျော်စိုး ဦး နေတဲ့နေရာပေါ့။ ကိုကျော်စိုးဦးဆိုတာက တကယ်တမ်းပြောရင် ဒီအချိန်ဒီနေရာမှာ ပြောချင်တာ လူလိုသိဖို့ လိုတယ်။ တချို့သောလူတွေ၊ တာဝန်နဲ့ အလုပ်လုပ်နေတဲ့လူတွေ လူလိုသိဖို့လိုတယ်။ သူကတိုက်ခန်းနဲ့နေတာ။ တိုက်ခန်းနဲ့နေတယ်၊ ကိုယ့်ဘာသာကို တိုးတိုးတိတ်တိတ်နဲ့ နေတယ်၊ ခင်များတို့ မဟုတ်တာတွေကျ ရင် အုပ်ချုပ်ရေးမှူးဆီသွားတယ်၊ အုပ်ချုပ်ရေးမှူးကနေသွားတယ်။ ဒီလူဒီလူသိနေတာဗျာ၊ ခေါ်လိုက်ပေါ့။ ကိုကျော်စိုးဦးရေ ဒါလေးတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ ဒီသတင်းလေးကတော့ ဒီလိုဖြစ်နေလို့ ဒါလေးတွေတိုင်ပင်စရာလေးရှိလို့ ပါဗျာ၊ လာခဲ့ပါပေါ့။ ကျနော် ပြောရင်ပေါက်ကွဲမိလိမ့်မယ်၊ ကျနော်လည်း ကိုကျော်စိုးဦးအိမ်မှာ လူ ၇ ယောက်လောက်နဲ့ ကိုကျော် စိုးဦး နေတဲ့အခန်းမှာ သွားခေါ်လာတယ်။ ကိုကျော်စိုးဦးကလည်း လိုက်သွားတာ။ မနေ့ည ၉ နာရီ ကျော်ကတည်းက ကိုကျော်စိုးဦးက ခေါ်စစ်ခြင်းခံနေရတယ်။” လို့ စစ်တပ်လော်ဘီဇော်ဘုန်းဟိန်းက ပြောပါတယ်။

ကျော်စိုးဦးသည် စစ်တပ်အာဏာသိမ်းချိန်ကတည်းက စစ်ကောင်စီတပ်အတွက်လော်ဘီလုပ်ပေး နေသူဖြစ်ပြီး ရန်ကုန် -မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မလုံခြုံတော့ဟု ပြောမိတဲ့အတွက် ဖမ်းဆီး ခံလိုက်ရလိုက်ရတာလို့ သိရပါတယ်။

 

“သူ့ကို ဘာ့ကြောင့်ခေါ်လဲလို့ သိရတာက ၂၆၂ မိုင် ကိစ္စလို့တော့ပြောတယ်၊ အဲဒီကိစ္စကြောင့် ခေါ်ယူ ပြီးတော့ စစ်ဆေးမေးမြန်းတာလို့ ပြောတယ်။ ဒါပေမယ့် မနေ့က ည ၉ နာရီကျော်ကတည်း အခု ည ၉ နာရီ ၄၀ နီးပါးဖြစ်သွားပြီ။ စစ်ကြောရေးတစ်ခုမှာရှိနေတယ်။ ကိုကျော်စိုးဦးကို ဘယ်ဌာနကပဲ ခေါ် ထားခေါ်ထား၊ တခါတုန်းကတော့ ပြည်ထဲရေးကခေါ်ထားတာ။ အခုက ခင်များတို့ခေါ်ထားတာမှန်တဲ့ အကြောင်းကို ကျနော်က ပြောတာ၊ ခေါ်ထားတဲ့အတွက် လိုင်းပေါ်မှာပြောတယ်ဗျာ၊ဘာဖြစ်လဲ၊ ဘာ နဲ့ ငြိစွန်းလည်း ကျုပ်ကိုပြော။ ခင်များတို့ ဘာပြစ်ချက်နဲ့ကိုကျော်စိုးဦးကို ခေါ်ထားလဲ။ ကိုကျော်စိုးဦး မှာ ဥပဒေနဲ့မလွတ်ကင်းတဲ့အရာရှိရင် ရဲအရေးပိုင်တဲ့အမှု၊ ၂၄ နာရီပြည့်သွားပြီ။ အရင်တခါကတည်း ၅၀၅ ဆိုပြီးတော့ ကိုကျော်စိုးဦးရဲ့ လက်တော့တွေ၊ ဖုန်းတွေထဲက သတင်းတွေ၊ သတင်းရောင်းစားပါ တယ်တွေနဲ့၊” လို့ စစ်လော်ဘီဇော်ဘုန်းဟိန်းက ပေါက်ကွဲပြောဆိုနေတာပါ။

စစ်တပ်လော်ဘီကျော်စိုးဦး ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ အမျိုးသားရေးသမားတွေ၊ စစ်လော်ဘီ တွေက ပေါက်ကွဲနေကြပါတယ်။

Thanlwin Myanmar Media

Happy
Happy
50 %
Sad
Sad
0 %
Excited
Excited
50 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *