Poem

0 0
Read Time:56 Second

ကဗျာကဏ္ဍ “တပ်မိန့်”

 

ပျိုးကြဲလက်

 

ငါ့တပ်မှာ ငါမင်းကွယ့်

သာချင်းဖွဲ့ ဘုန်းကံ

ကာကင်းတို့ ထပ်ထပ်ခြံရံ

ငတ်ပြတ်ဟန် ကျွန်မျိုး ။

 

အမိန့်နဲ့ ကျီစယ်မယ်

အီလည်လည် ခံဟဲ့လူဆိုး ။

 

ငါ့အမိန့် အာခံရင်

နာပြန်မယ် ထပ်တိုး ။

 

ကျွန်ခံရင် နင်ခိုးပေါ့

ဉာဉ်ဆိုးနဲ့ သွေးပြောင် ။

 

ရာထူးကို အသုံးချ

ရှေ့ဆုံးက ဗုန်းနိုင်တဲ့မောင် ။

 

စစ်ပွဲက ရာထောင်တယ်

နင်အောင်အောင် တိုက်ဦးကွယ့်

ဘွဲ့ထူးတို့ စောင့်ကြို

ခူးဆွတ်ပါ့ကို ။

 

ညံ့ဖျင်းလို့ ပြေးကြဆိုရင်

လက်နက်ကို ချပါနဲ့လေး ။

 

တပ်ပျက်လို့ အရှုံးပိုရင်

ငတုံးလို သေစမ်းကွယ့်လေး ။     ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၃၃ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *