ဆောမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ ၄ ဦးသေဆုံးပြီး ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၁
မကွေးတိုင်း၊ ဆောမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှု စစ် သား၊ ရဲ ၄ ဦးသေဆုံးပြီး ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း Saw PDF တပ်ဖွဲ့ကထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၁ ရက် ည ၁၂ နာရီအချိန်က ကန်ပက်လက်မြို့မှ ထွက်ပြေးလာသော စစ်သား၊ ရဲ နှင့် ၎င်းတို့၏ မိသားစုဝင်များပါ စစ်ကြောင်းကို ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် ဂန့်ဂေါခရိုင် အမှတ် (၃ ၊ ၅ ၊ ၆) တပ်ရင်းနှင့် မကွေးတိုင်း Drone တပ်ဖွဲ့တို့မှ လိုက်လံရှာဖွေခဲ့ ကြောင်း သိရသည်။
ထိုသို့ လိုက်လံရှာဖွေခဲ့ရာ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့် တွင် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးရဲ ၁ ဦး သေဆုံး၍ ဗိုလ်ကြီး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။
ထို့အပြင် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဆောမြို့မရဲစခန်းအတွင်းမှ ကပစ ၊ ခလရ ၊ ရဲ ထုတ်နှုတ် အင် အား ၅၄ ဦးပါ စစ်ကြောင်းသည် လောင်းရှည်မြို့ဘက်သို့ ထွက်ခွာလာစဉ် လောင်းရှည်တိုက်နယ် အတွင်း အရောက် ဂန့်ဂေါခရိုင်အမှတ် (၃၊၅၊၆) တပ်ရင်းများနှင့်အတူ မကွေးတိုင်း Drone တပ်ဖွဲ့၊ မင်းဘူးခရိုင် တိုက်ခိုက်ရေးအဖွဲ့တို့မှ လိုက်လံရှာဖွေခဲ့ရာ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထိတွေ့ တိုက် ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁ ဦးနှင့်အတူ MA-2 (ခေါ်) စက် ကလေး ၁ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သား ၃ ဦး မှာ အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအပြီး ကစဉ့်ကလျားထွက်ပြေးနေသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၃၂ ရက်နေ့တွင် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ စစ်သုံ့ပန်း ၁ ဦးနှင့် MA-2 (ခေါ်) စက်ကလေး ၁ လက် MA-3 အမျိုးအစား သေနတ် ၁ လက် G-3 အမျိုးအစား သေနတ် ၁ လက်နှင့်အတူ ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။
Thanlwin Myanmar Media