Magway News

0 0
Read Time:2 Minute, 7 Second

ပေါက် ကပစ ၂၄ အတွင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထိခိုက်ပျက်စီးမှုရှိပြီး ဒရုန်း ၂ စီး ဆုံးရှုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၁

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄ အတွင်သို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိ ပြီး ဒရုန်း ၂ စီးဆုံးရှုံးခဲ့ကြောင်း ပုံတောင် Tiger PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် ညနေ ၃ နာရီ ၃၅ မိနစ်ခန့်က ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ တပ် အတွင်း သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး SHAR HTOO WAW နည်းပညာဖြစ်သော Fixed Wings Drone များဖြင့် ဗုံးသီး အလုံးရေ စုစုပေါင်း ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ

“နောက်ဆက်တွဲထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပဲ။ ပျက်စီးဆုံးရှုံးမှုကတော့ ရှိနိုင်တယ်။ ဝန် ထမ်းအိမ်ယာထဲက အရာရှိအဆောက်ပေါ် ချခဲ့တာ။ ပစ်မှတ်ကတော့ ထိတယ်။ ဂျန်ပါနဲ့ ကောင်တာ ပစ်နေတာကြောင့် ၅ စီး တစ်ခေါက်ပဲ ချပြီး ပြန်ဆုတ်လာခဲ့တာ။ တစ်စီးကို ဗုံးသီး ၂ လုံးချပြီး စုစု ပေါင်း ၁၀ လုံးချခဲ့တာ။ ၈၁ မမ လက်နက်ကြီးနဲ့ လေးငါးချက်လောက်ပစ်တယ်၊ ကျနော်တို့ရဲဘော် တွေတော့ အထိအခိုက်မရှိဘူး” ဟု ပုံတောင် Tiger PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ပုံတောင်TIGER PDF နှင့် EAGLE WINGS Drone Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ် Jammer ကြောင့် ကင်းထောက်ဒရုန်းတစ်စီးနှင့် Fixed Wings Drone တစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *