ပခုက္ကူမြို့မှ မြိုင်မြို့သို့ လက်နက်၊ ရိက္ခာပို့ ယာဉ်တန်းအား တိုက်ခိုက်မှု ရော့ကတ်၊ မိုင်းတို့ ဖြင့် တိုက် ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ သေဆုံးစစ်သားအလောင်းများကို လမ်းဘေး၌ ဖြစ်သလို မြေမြှုပ်ပစ်ခဲ့ သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များက ဖော်ထုတ်သင်္ဂြိုလ်ပေးခဲ့ရ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁၁
မကွေးတိုင်း၊ ပခုက္ကူမြို့မှ မြိုင်မြို့နယ်သို့ သွားသည့် လက်နက်၊ ရိက္ခာပို့ အကြမ်းဖက်စစ်ယာဉ်တန်း ကို မိုင်း၊ ရော့ကတ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး သေဆုံးစစ်သား အလောင်းများကို လမ်းဘေး၌ ဖြစ်သလို မြေမြှုပ်ပစ်ခဲ့သဖြင့် ဖော်ထုတ်သင်္ဂြိုလ်ပေးခဲ့ရကြောင်း Cobra One Pakokku တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့က ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ လက်နက်ခဲယမ်း၊ ရိက္ခာများ တင်ဆောင် ပြီး ထွက်ခွာလာသော ကား အစီး ၂၀ ကျော်ပါ ယာဉ်တန်းနှင့် စစ်ကြောင်းကို နံနက် ၉ နာရီအချိန် ကိုင်းချောင်းကွေ့အရောက် မိုင်းရှင်းခဲ့ကြောင်း၊ ထိုသို့ မိုင်းရှင်းရန် လမ်းမဘယ်ညာမှ ခြေလျင်စစ်သား ၂၀ ကျော်ဖြင့် တက်လာခဲ့ရာ ကိုင်းဆယ်ဘောင်နားအရောက် ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းအကြမ်းဖက်စစ်သားများအား Rocket လက်နက်ကြီးဖြင့် ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ ရာ မိုင်းရှင်းနေသော အကြမ်းဖက်စစ်သားများ အနီးကျရောက်ပေါက်ကွဲပြီး စစ်သား ၁ ဦး ထပ်မံ သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်သားများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် ကျန်မိုင်းများကို ဖြတ်တောက်ကာ ဘထ္ထရီအိုးများယူဆောင်သွားခြင်းခံခဲ့ရသည့်အပြင် ကင်းထောက်ဒရုန်းတစ်စီး လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို COBRA ONE Pakokku တပ်ဖွဲ့နှင့် BA NYEIN GUERRILLA Force တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့်အတူလိုက်ပါလာသော ခလရ ၂၃၅ တပ်ရင်းမှ ခြေတ ဖက်ပြတ်ကာ သေဆုံးသွားသည့် တက စိုးထိုက်ဦး၏ ရုပ်အလောင်းကို ကျောက်ဆောက် ရွာထိပ် ကားလမ်းမကြီးဘေးတွင် ဖြစ်သလို မြေမြှုပ်ထားခဲ့ကြောင်း၊ ယင်းသေဆုံးအလောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တူးဖော်ကာ မီးရှို့သင်္ဂြိုလ်ပေးခဲ့ရကြောင်း COBRA ONE Pakokku တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media