International News

0 0
Read Time:6 Minute, 9 Second

စစ်တပ်၏ ပြည်သူလူထုအပေါ် လေကြောင်းဖြင့် တိုက်ခိုက်သတ်ဖြတ်နေသဖြင့် လေယာဉ်ဆီ၊ လေ ယာဉ် နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ စစ်ကောင်စီထံသို့ တင်ပို့ရောင်းချမှု ချက်ချင်း ရပ် တန့်ပေးရန် BMC တောင်းဆို

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၁

 

အကြမ်းဖက်စစ်တပ်က ပြည်သူလူထုအပေါ် လေကြောင်းဖြင့် တိုက်ခိုက်ပြီး သတ်ဖြ်မှုများလုပ် ဆောင်နေသဖြင့် အာဆီယံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာကုမ္ပဏီများက အကြမ်းဖက်မြန်မာစစ်အုပ်စုထံသို့ လေယာဉ်ဆီ၊ လေယာဉ် နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ တင်ပို့ရောင်းချခြင်းကို ချက်ချင်း ရပ်တန့်ပေးရန် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (BMC) က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုသည်။

 

အကြမ်းဖက် မြန်မာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတကာက ဆက်လက်ပံ့ပိုးနေ သဖြင့် အရပ်သား ပြည်သူများ၏ အသက်အန္တရာယ် ဆုံးရှုံးရသည့်အပြင် နေ့စဉ် လူမှုဘဝ အသက်မွေး ဝမ်းကျောင်း နှင့် အခြေခံ လိုအပ်ချက်များ အပေါ် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နေကြောင်း ထုတ်ဖော်ထောက်ပြထားသည်။

 

အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ၊ လေယာဉ်များ အဆက်မပြတ် ပျံဝဲခြင်းနှင့် နေ ရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရခြင်းများကြောင့် ပညာသင်ကြားခွင့်များနှင့်ကျန်းမာရေးဆိုင်ရာ ဝန် ဆောင်မှုများ ဆုံးရှုံးနေရခြင်း၊ အစာရေစာ ပြတ်လတ်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ နာကျင် ထိ ခိုက်ရမှုများနှင့်အတူ စိုက်ပျိုးရေးကို အဓိက မှီခိုသည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆိုးရွားစွာ ပျက်စီးနေရသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စစ်တပ်က စီးပွားရေးနှင့် ဘဏ္ဍာရေးကို စိတ်ကြိုက် စိုးမိုးခြယ်လှယ်လျက်ရှိပြီး ခရီးသည်တင် လေ ကြောင်းလိုင်းများ၏ လေယာဉ်ဆီများကိုပါ စစ်ရေးတွင် အသုံးပြု၍ ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း၊ လေကြောင်းသုံး တိုက်ခိုက်ရာတွင်လည်း ပြည်သူအများအပြားစုဝေးသော ဈေး၊ အလှူအတန်းနေရာ၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတော်များ၊ ဆေးရုံဆေးခန်းများနှင့် ကျောင်း များကိုပါ တိုက်ခိုက်နေကြောင်း သိရသည်။

 

ထို့ပြင် နိုင်ငံတကာမှ လေယာဉ်ဆီ ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုများသည် မြန်မာပြည်တွင်း ကုမ္ပဏီ များကိုသာ ပိတ်ဆို့ခြင်းဖြစ်နေပြီး အဆိုပါပြည်တွင်း ကုမ္ပဏီများကို တင်ပို့ပေးနေသော အဓိကကျ သည့် နိုင်ငံတကာ ကုမ္ပဏီများကို အရေးမယူသေးကြောင်း ထောက်ပြထားသည်။

 

ထိုသို့ ပိတ်ဆို့အရေးယူမှုများ၏ စောင့်ကြည့်ရေး ယန္တရားနှင့် အရေးယူ ထိရောက်မှုများ အားနည်း သောကြောင့် အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတကာက လေယာဉ်ဆီ၊ လေယာဉ်နှင့် လေယာဉ် အစိတ်အပိုင်းများ၊ နည်းပညာဆိုင်ရာ ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုများကို ဆက်လက်ရရှိနေဆဲ ဖြစ်ကာ စီးပွားဖြစ် အရပ်ဘက် လေယာဉ်များနှင့် လေယာဉ်ဆီများကိုလည်း အလွဲသုံးစားပြုလုပ်ပြီး စစ်ရေးတွင် သုံးစွဲနေခြင်းဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု BMC က ဆက် လက်ထောက်ပြာပြောဆိုသည်။

 

နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်း ပေးနေ သော တရုတ် အလံတင် သင်္ဘော HUITONG78၊ ဗီယက်နမ် ကုမ္ပဏီ Hai Linh ၊ တရုတ် နိုင်ငံပိုင် လုပ်ငန်း CNOOC ကော်ပိုရေးရှင်း (စင်ကာပူ)၊ စင်ကာပူ အခြေစိုက် Sahara Energy International ကုမ္ပဏီ၊ နိုင်ငံတကာ ကုမ္ပဏီများနှင့် လေယာဉ်ဆီ သယ်ယူနိုင်ရန် အာမခံ ဝန်ဆောင်မှု ပေးနေသော ယူကေ (UK) ရေကြောင်း အာမခံ ကုမ္ပဏီများကိုလည်း ချက်ချင်း ပိတ်ဆို့ အရေးယူရန် လိုအပ်နေ ကြောင်းလည်း BMC က တောင်းဆိုထားသည်။

 

ထို့ပြင် ဥရောပ ကုမ္ပဏီ Airbus အနေဖြင့်လည်း တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနှင့်အတူ စစ်ရာဇ ဝတ် မှုများတွင် ပါဝင် ပတ်သက်နေမှုများကို အမြန်ဆုံး အဆုံးသတ် ရပ်တန့်ပြီး လိုအပ်သော အရေး ယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဟု တိုက်တွန်းသည်။

 

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှု ကွင်းဆက်တစ်ခုလုံးတွင် ပါဝင်သော နိုင်ငံတကာကုမ္ပဏီများ၊ အစိုးရများသည် တာဝန်ယူမှုရှိစွာဖြင့် လေယာဉ်ဆီများကို မည်သူများမှ မည်ကဲ့သို့ အသုံးပြုမည်ကို ထိရောက်သော စိစစ်မှုများ ပြုလုပ်ပြီးမှသာ တင်သွင်းရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက လေ ယာဉ်ဆီ တင်သွင်းမှုများအားလုံးကို ပိတ်ဆို့တားဆီးနိုင်ရန် အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဆော်ဩထားသည်။

 

မြန်မာနိုင်ငံသို့ တင်သွင်းမည့် လေယာဉ်ဆီများကို စောင့်ကြည့်နိုင်သည့် ယန္တရားတခု ထူထောင်၍ ထိရောက်သော စိစစ်မှုများပြုလုပ်ရန်လည်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က အာဆီ ယံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာကုမ္ပဏီများသို့ BMC က တောင်းဆို ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *