Read Time:54 Second
ကဗျာကဏ္ဍ “မိသားစု မျက်နှာ”
ပျိုးကြဲလက်
တပ်မတော် ချနင်းလို့
ကမြင်းတဲ့ ဗိုလ်ပါ
ယမမင်း ချဉ်းလို့လာပြီ
ဝဋ်ကြမ္မာ သွေဘူး ။
ပြည်သူက ညီတယ်ကွယ့်
လီဆယ်မယ် ကြံနဲ့အထူး ။
အမှားသိ အမှန်မြင်ရင်
အမြန်ပင် ဘက်ကူး ။
ခေါင်းမာရင် နေဦးပေါ့
သေဖူးမှ နားလည် ။
သည်ခေတ်မှာ ပျဉ်ဖိုးက
လင်ဆိုးမ မျက်နှာငယ်တယ် ။
ဖတဆိုး မောင်မယ်ရယ်
တိုင်ကွယ်မှာ ငိုချင်းချ
လူချင်း ငြူစူလို
ဆက်ဆံလို့ပို ။
မိုက်ပါနဲ့ အမှန်ဆိုရင်
အလံကို ပြနိုင်ငဲ့လေး ။
မိသားစု ခွဲခွာလိုရင်
မျက်နှာကို ငဲ့ဦးကွယ့်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် ညနေ ၄ နာရီ ၃၄ မိနစ်
Thanlwin Myanmar Media