Mon State News

0 0
Read Time:1 Minute, 37 Second

ဘီးလင်းမြို့နယ်၊ လဂွန်းပျိုးစခန်းမှ စစ်သား ၁၆ ဦး ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးအပါအဝင် လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၀

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦး ၈၀ မမ၊ ၆၀ မမ လက် နက်ကြီးများနှင့်အတူ လက်နက်ခဲယမ်းများအပ်ကာ အလင်းဝင်ခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်သည်။

 

ဇန်နဝါရီလ ၇ ရက် ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦးကို ပြည်သူ့ကာ ကွယ် ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂ ရှိ PDF ရဲဘော်များက အလင်းဝင် ရောက်ရန် ချိတ်ဆက်ခဲ့ရာ ပူးပေါင်းပါဝင်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ပူးပေါင်းအလင်းဝင်ရာတွင် ၈၀ မမ ၁ လက်၊ ၆၀ မမ ၁ လက်၊ ၅၀ မမ ၁ လက်၊ စက်လက် ၁ လက်၊ စနိုက်ဘာ ၁ လက်၊ MA1 ၇ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်တို့ကို တော် လှန် ရေးပူးပေါင်းတပ်ဖွဲ့ထံ အပ်နှံပေးခဲ့ကြောင်း သိရသည်။

 

ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သားများအနေဖြင့်လည်း အာဏာသိမ်းခြင်းကိုဆန့်ကျင်သော ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များ ထပ်မံလုပ်ဆောင်ခြင်းမပြုဘဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံသို့ လာရောက်ချိတ်ဆက်ပူးပေါင်းကြရန် အလေးအနက် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *