Mon State News

0 0
Read Time:1 Minute, 55 Second

သိမ်ဇရပ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြုဲတိုက်ခိုက်မှု စစ်သား ၂ ဦး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၀

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ် သား ၂ ဦး သေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

 

ဇန်နဝါရီလ ၅ ရက် ညနေ ၆ နာရီ ခွဲအချိန်က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ ခမရ – ၂ဝ၇ တပ်ရင်း မှ စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ရဲစခန်းမှ ရဲ ၃ ဦးမှာလည်းအပြင်းအထန်ဒဏ်ရာ စိုးရိမ်ရ ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA နှင့် PDF (၇၈ဝ၅) တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းတစ်စီး GPS Error ကြောင့်ဆုံးရှုံးခဲ့ပြီး တော် လှန်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ် နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျဉ်းမရှိပါကြောင်း ထုတ်ပြန် ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *