TNLA News

0 0
Read Time:4 Minute, 11 Second

သိမ်းပိုက်ရရှိထားသော မြို့နယ်များကို အုပ်ချုပ်နိုင်ရေးအတွက် အုပ်ချုပ်ရေးသင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ ကျင်းပ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်တွင် သိမ်းပိုက်ရရှိထားသော မြို့နယ်များတွင် အုပ်ချုပ်ရေး အတွက် အုပ်ချုပ်ရေးသင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF /TNLA အုပ်ချုပ်သည့် တအာင်းပြည်တစ်နေရာတွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးစီးဖွင့် လှစ်ထား သည့် အုပ်ချုပ်ရေး သင် တန်းကျောင်း (Administrative School) အပတ်စဥ် ၂ သင်တန်း ဆင်းပွဲ ကျင်းပခဲ့ရာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုက္ကဌ (၁) ဒုတိယဗိုလ် ချူပ်ကြီး တားဂျုတ်ဂျား၊ ဒုက္ကဌ (၂) ဗိုလ်ချုပ် တားခူရ်လာင်း၊ ဗိုလ်မှူးချူပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးချုပ် တား နော်ရိူန်း၊ဗဟိုအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ်၊ ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ အရာရှိ အရာခံများ၊ ရဲဘော်များ၊ ကျောင်းသားများနှင့်  မိဘပြည်သူလူထုများ အပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀) နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်းရေးအတွင်း မြို့နယ် (၁၂) မြို့ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် မြို့နယ်များကို အုပ် ချုပ် သည့်နေရာတွင် အုပ်ချုပ်ရေးဌာနသည် အလွန်အရေးပါသည့် ဌာနတစ်ခုဖြစ်သဖြင့် သင်တန်း ဆင်း သွားသည့် ကျောင်းသားများသည် အစိုးရတစ်ခု၏ ကိုယ်လက်အစိတ်အပိုင်းများဖြစ်‌သည်ဟု ဒုဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

အုပ်ချုပ်ရေးသင်တန်းကျောင်းသည် ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီး  ဘာသာရပ်အမျိုးစား ၃ ခုခွဲခြားထား ကာ Personal Capacity Building၊ Basic Politic၊ အုပ်ချုပ်ရေးလုပ်ငန်းနှင့် ဆိုင်သောဘာသာ ရပ်များ၊ ရဲလုပ်ငန်း နှင့် ဆိုင်သောဘာသာရပ်များကို အဓိက သင်ကြား‌ပေးခဲ့ကာ ကွင်းဆင်းပြီး လက် တွေ့လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ယင်းသင်တန်းကျောင်းတွင် သင်တန်းသား (၅၅) ဦး တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကို အုပ်ချုပ် ရေးနှင့် တရားဥပ‌ဒေစိုးမိုးရေးနေရာတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါကျောင်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ (၁) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၏ မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်၊ (၂) အနာဂါတ် တအာင်းပြည် အုပ် ချုပ် ရေးမှူးနှင့် ပြည်နယ်ရဲချုပ်များ မွေးထုတ်ပေးနိုင်ရန်၊ (၃) ပြည်သူ့ဗဟိုပြု ကောင်းမွန်သောအုပ် ချုပ်ရေးယန္နရား တည်ဆောက်နိုင်ရန်၊ (၄) အုပ်ချုပ်ရေးလုပ်ငန်းများနှင့် တရားဥပဒေစိုးမိုးရေး လုပ် ငန်းများကို စနစ်တကျဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန်ဖြစ်သည်။

 

အုပ်ချုပ်ရေးကျောင်း အပတ်စဥ် (၁) ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်ပေးခဲ့ပြီး သင်တန်း သား  (၅၄) ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း၊ ထိုသင်တန်းသားများသည် လက်ရှိအချိန်တွင် ရုံးချုပ်ရုံးအုပ်များ၊ မြိုနယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ရုံးအုပ်များ၊ မြိုနယ်တရားဥပဒေစိုးမိုးရေး တပ် ဖွဲ့များနှင့် အထူးတပ်ဖွဲ့မှူးနေရာများတွင် အသီးသီးတာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း သိရ သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *