Read Time:1 Minute, 13 Second
တန့်ဆည်မြို့နယ်၊ မူးဂွရွာရှိ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၉
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးဂွရွာအနီးရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန် သည်။
ဇန်နဝါရီလ ၇ ရက် ည ၁၁ နာရီအချိန်က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ မူးဂွကျေးရွာ အနီးရှိ ကင်းစခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေ ၊ ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA)၊ Hydra Force၊ တပ်ရင်း (၂၅) ၊ တပ်ရင်း (၁၆) နှင့် ပ.က.ဖ တို့ ပူး ပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media