စစ်ကိုင်းမြို့ပေါ်တွင် သောင်းကျန်းနေသော နာမည်ကြီး ပျူစောထီးခေါင်းဆောင် ရွှေကျားနှင့်အဖွဲ့ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး၊ လက်နက် ၆ လက်သိမ်းဆည်းရရှိ ၊လက်ပံရွာအုပ်ချုပ်ရေမှူးလည်း ပစ် ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၉
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် သောင်းကျန်းနေသော နာမည်ကြီးပျူစောထီးခေါင်းဆောင် ရွှေကျားနှင့် အဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးပြီး လက်နက် ၆ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၇ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှ အိမ်စီးကား ၂ စီးဖြင့် စစ် ကိုင်းမြို့သို့ ပြန်လာသော စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် ရွှေ ကျားနှင့်အဖွဲ့အား စစ်ကိုင်း – မင်းကွန်းလမ်းပေါ် လက်ပံကျေးရွာ အထွက်အရောက် ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ရှင်းလင်းခဲ့ရာ အသက် ၃၃ နှစ်အရွယ် ပျူခေါင်းဆောင် ရွှေကျား (ခ) ကျော်မျိုးထွန်းနှင့် ဇနီး တို့အပါအဝင် ၇ ဦးသေဆုံးပြီး ၂ ဦးလွတ်မြောက်သွားကာ G3 အမျိုးအစား သေနတ် ၆ လက်နှင့် အတူခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“စစ်ကိုင်းမြို့ပေါ်ကနေ မင်းကွန်းမှာရှိတဲ့ သူတို့လူတွေဆီကို ရိက္ခာလာပို့တာ၊ လူချိန်းတာလုပ်ပြီး အပြန်မှာ ရှင်းခဲ့တာ။ ၇ ဦးသေတယ်၊ တစ်ဦးက လွတ်ပေးလိုက်တာ။ ကားပေါ်မှာ သုံးလေးနှစ်အရွယ် ကလေး ၂ ယောက် ပါလာတာ။ ကံကောင်းချင်တော့ အဲဒီကလေး ၂ လောက်ကျည် ရှပ်ထိလေးပဲ ထိ ထားတာ။ အဲဒီ က လေး နှစ်ယောက် ဒုက္ခရောက်မှာစိုးလို့အဲဒီလူကို လွှတ်ပေးလိုက်တာ။ အဲဒီလူက တော့ သူတို့နဲ့ ပတ် သက်ဆက်စပ်သူနေမှာပေါ့။ ဒါပေမယ့်သူက လက်နက်ကိုင်မထားဘူး။ လက်နက် ကိုင် စာရင်းထဲ တော့မပါဘူး။ ပြီးတော့ ကားပေါ်က တစ်ယောက်က ခုန်ဆင်းထွက်ပြေးသွားလို့ လွတ်သွားတယ်။ ကားတစ်စီးကိုတော့ ကျနော်တို့ မီးရှို့ထားခဲ့တယ်၊ တစ်စီးက ကျနော်တို့မရှို့ခဲ့ဘူး” ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောကြားသည်။
သေဆုံးအလောင်းများကို စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ရဲများက ညတွင်းချင်းကားဖြင့် လာရောက်သယ်ဆောင်သွားပြီး လက်ပံကျေးရွာမှ ပြည်သူ့နေအိမ် ၂ လုံး၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ မီးရှို့ခြင်းပြုပဲချန်ထားခဲ့သည့် ပျူစောထီး ကားတစ်စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ သေဆုံးသူ ပျူစောထီးများကို ဇန်နဝါရီလ ၈ ရက်နေ့က သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
သေဆုံးသူ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ရွှေကျားနှင့်အဖွဲ့သား များသည် စစ်ကိုင်းမြို့ပေါ်နေ ပြည်သူများကို ခြိမ်း ခြောက်အနိုင်ကျင့်ခြင်း၊ စစ်မှုထမ်းစစ်သားများကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မဆက်ကြေးကောက်ခံခြင်းလုပ်ဆောင်နေသူဖြစ်ကြောင်း၊ ထို့ ကြောင့် ၎င်းတို့သေဆုံးသွားမှုနှင့်ပတ်သက်၍ စစ်ကိုင်းမြို့သူမြို့သားများက ဝမ်းသာနေကြပြီး ပစ် ခတ်ရှင်းလင်းပေးသည့်အဖွဲ့သားများကို ဆုချီးမြှင့်ပေးရန် လုပ်ဆောင်နေသူများပင်ရှိကြောင်း သိရ သည်။
ထို့အပြင် စစ်ကိုင်းမြို့နယ်၊ လက်ပံရွာအုပ်ချုပ်ရေးမှူးကိုလည်း တစ်ချိန်တည်း ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
ထို့သို့ တိုက်ခိုက်ခံရမှုများကြောင့် ဇန်နဝါရီလ ၈ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ ကျောက်တာ၊ လှေကားရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က လက်ပံကျေးရွာ အတွင်း လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကာ ကျေးရွာနေပြည်သူ များ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“တစ်ချိန်တည်းပဲ လက်ပံရွာအုပ်ကြီးလည်း ရှင်းခဲ့တယ်။ အဲဒီဖြစ်တဲ့နေရာနဲ့က သိပ်မကွာဘူး။ မဝေး ဘူး။ မနေ့က နေ့ခင်း ၁၁ နာရီလောက် လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ ပြည်သူတစ်ယောက်သေ တယ်။ ကျောက်တာ ၊ လှေ ကားရွာဘက်ကနေ လှမ်းထုတာ။ လက်ပံရွာတစ်ရွာလုံးထွက်ပြေးနေရ တယ်။ ပျူစောထီးခေါင်းဆောင် သင်္ဂြိုလ်ပြီးရင် တစ်ရွာလုံးမီးရှို့မယ်ဆိုပြီး ပြောထားတာ။ ဒီနေ့တော့ မဝင်သေးဘူး” ဟု ယူနီကွန်းပြောက်ကျာတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ရွှေကျားအဖွဲ့နှင့် လက်ပံရွာ အုပ်ချုပ် ရေးမှူးတို့အား ပစ်ခတ်ရှင်းလင်းမှုကို Road to Mandalay အဖွဲ့သားများနှင့် ပြည်သူ့အစေခံတပ်ဖွဲ့တို့ ပူးပေါင်း ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media