ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် မိုင်းရှင်းပြီး ကားပေါ်တင် သယ်ဆောင်လာသော စစ်သားများ မိုင်းချ စဉ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှု စစ်သား ၃ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၉
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-မြင်းမူလမ်းပိုင်း၌ မိုင်းများကို ရှင်းလင်းပြီး ကားပေါ်တင် သယ်ဆောင်လာသော စစ်သားများကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၂ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့ ချောင်းဦးမြို့တွင်းကနေ အင်အား ၃၀ လောက်နဲ့ ထွက်လာတဲ့ စစ်သားတွေ ဟာ ချောင်းဦး -မြင်းမူလမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းတွေကို ရှင်း လင်းရေး လုပ်ဆောင်ခဲ့တာပါ။
အဲဒီလိုလုပ်ဆောင်တဲ့အချိန်မှာလည်း ခရီးသွားပြည်သူကား ၂ စီးကို တားဆီးကာ ပြည်သူတွေကို မိုင်း ရှာဖွေခိုင်းခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းအလုံး ၃၀ ၊ ဘက္ထရီအိုး ၇ လုံးနဲ့ အဝေးထိန်း မိုင်း ၁ လုံးတို့ သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရရှိတဲ့မိုင်းတွေကို အကြမ်းဖက်စစ်သားတွေက ကားပေါ်တင်ကာ သယ်ဆောင်သွားပြီး ခရေဖြူဂိတ်အရောက် မိုင်းတွေကို ကားပေါ်က ချနေတုန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဝေးထိန်းမိုင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ မုံရွာခရိုင်တပ်ရင်း ၁၂ ၊ လျှပ်စီးတပ်ခွဲက ပြောပါ တယ်။
မိုင်းခွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေအနက် ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သလို စစ် တပ်ဂိတ်ကို ထင်း၊ သဲပို့ဆောင်ဖို့ ရောက်ရှိတဲ့ ပြည်သူတစ်ဦးလည်း မိုင်းစထိမှန် ဒဏ်ရာ ရရှိခဲ့ တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ တဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရတယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၂ လျှပ်စီးတပ်ခွဲက ပြောဆိုထား ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အခွင့်သာလျှင်သာသလို တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေအနီးအနားကို သွားလာနေထိုင်တာတွေမလုပ်ဖို့ ဆက်လက် မေတ္တာရပ်ခံထားပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင် ၊ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ ၊ Eleven People Defence Force ၊ မုံရွာခရိုင် အမှတ်- ၁၅ တပ်ရင်း နဲ့ Nway Oo Brothers Column (နွေဦး ညီကိုများ စစ်ကြောင်း) တို့ အတူတကွ ပူး ပေါင်းလုပ်ဆောင်ခဲ့တာပါ။
Thanlwin Myanmar Media