Rakhine State News

0 0
Read Time:1 Minute, 22 Second

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၄၀ ခန့် သေဆုံးပြီး နေအိမ် ၅၀၀ ခန့် မီးလောင်ပြာကျ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၉

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄၀ ခန့်သေဆုံးပြီး နေအိမ် ၅၀၀ ခန့် မီးလောင်ပြာကျခဲ့ ကြောင်း ဒေသတင်းရင်းမြစ်များထံက သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၈ ရက် မွန်းလွဲ ၁ နာရီခန့်က အာရက္ခတပ်တော် -AA သိမ်းပိုက်ထိန်းချုပ်ရာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျောက်နီမော်ကျေးရွာ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းရပ်ကွက်တို့အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၄၀ ခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရကာ အိမ်ခြေ ၅၀၀ ခန့် မီး လောင်ပြာကျခဲ့ကြောင်း Arakan Princess Media က ဖော်ပြထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *