NUG News

0 0
Read Time:3 Minute, 13 Second

လက်ရှိဖြစ်ပေါ်နေသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆင်မပြေမှုများသည် မူပိုင်း၊ လူပိုင်းကွဲကွဲ ပြား ပြား သိရှိရန် သုံးသပ်ကာ ဖြေရှင်းသွားမည်ဟု NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၉

 

လက်ရှိဖြစ်ပေါ်နေသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆင်မပြေမှုများသည် မူပိုင်း၊ လူပိုင်းကွဲကွဲပြား ပြားသိရှိရန် သုံးသပ်ကာ ဖြေရှင်း သွားမည်ဖြစ်ကြောင်း NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက ပြောကြားသည်။

 

ယနေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အုပ်ချုပ်မှုကဏ္ဍကို ပြန်လည် သုံးသပ်မှုတွေနဲ့အတူ ရှေ့သွားမယ့် လုပ်ငန်းစဥ်တွေကို အဆင့်ဆင့် သော ယန္တရားတွေက ရှင်းရှင်း လင်းလင်း ဖြစ်နေစေဖို့ အင်မတန်အရေးကြီးတယ်ဆိုတာ ပြောလို ပါတယ်၊ ဒါမှသာ လက်ရှိဖြစ်ပေါ်နေတဲ့ အဆင်မပြေမှုတွေအပေါ်မှာ မူပိုင်းဆိုင်ရာ အားနည်းချက် လား လူပိုင်းဆိုင်ရာ အားနည်းချက်တွေလားဆိုတာကို သုံးသပ်ပြီးတော့ သေချာဖြေရှင်းနိုင်မှာ ဖြစ်ပါ တယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ထို့အပြင် ဝန်ကြီးဌာနအချင်းချင်းသော် လည်း‌ကောင်း၊ မြို့နယ် အချင်းချင်းသော်လည်းကောင်း၊ မြို့ နယ် တစ်မြို့နယ်ချင်းစီက တာဝန်ခံ အချင်းချင်းသော်လည်း‌ကောင်း အားလုံး၏ လုပ်ဆောင်မှု များ သည် အချင်းချင်း ညှိနှိုင်း ပေါင်းစပ်ကာ လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ယန္တရားတွင် ပါဝင်နေသူ တစ်ဦးချင်းစီ၏ လုံခြုံရေးနှင့် ထောက်ပံ့ရေးအတွက်လည်း ကြိုးစားတာဝန်ယူဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁/၂၀၂၅) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ် များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

 

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *