ကျောက်ကြီးမြို့နယ်ရှိ နှစ် ၅၀ ကြာတပ်စွဲထားသော စစ်ကောင်စီ၏ မူသယ်စခန်းကို တိုက်ခိုက် သိမ်း ပိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ၈၁ မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၉
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင် (ခလယ် လွီထူ) ခရိုင်၊ ကျောက်ကြီး(လယ်ဒို) မြို့နယ်ရှိ အတွင်း နှစ်ပေါင်း (၅၀) နီးပါးတပ်စွဲထားသော မူသယ် အခြေစိုက် ခူသေစိုးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးပြီး ၈၁ မမ လက် နက် ကြီးအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန် သည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့မှစတင်ပြီး ကျောက်ကြီး(လယ်ဒို)မြို့နယ်အတွင်း နှစ်ပေါင်း ၅၀ နီးပါး အ ကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက် ကျူးကျော် တပ်စွဲထားသော မူသယ်အခြေစိုက် ခူသေစိုး တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ၅ ရက်နေ့ တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
Photo − ခူသေစိုးတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ
ယင်း စခန်းသိမ်းပိုက်စဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး အချို့ မှာ ထွက်ပြေလွတ်မြောက်သွားကြောင်း၊ စစ်တပ်စခန်းအတွင်းမှ ၈၁ မမ လက်နက်ကြီး ၁ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်း အများအပြားကို သိမ်းဆည်းရ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၃ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်း တပ်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မူသယ်စခန်းသိမ်းတိက်ပွဲအတွင်းမှ ထွက်ပြေးသွားသော အကြမ်းဖက် စစ် ကောင်စီတပ်သား ၄၀ ခန့်ရှိကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီတပ် မူသယ်စခန်းသည် ကျောက်ကြီးမြို့မှ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့အထိ အဓိကျသော ထောက်ပို့စခန်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်က လေ ကြောင်း၊ လက်နက်ကြီး အမြောက်အများ အသုံးပြုခုခံခဲ့ကြောင်း သိရသည်။