အကြမ်းဖက်စစ်ကောင်စီထောက်တိုင် Mytel ကုမ္ပဏီကို အမေရိန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၉
အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် ဆက်သွယ်ရေး Mytel ကုမ္ပဏီကို အမေရိကန်နိုင်ငံက ဒဏ် ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်စက်မှုလုပ်ငန်းနှင့်လုံခြုံရေးဌာန (BIS) က ကုန်သွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု စည်းမျဉ်းတွေ (EAR) ပြင်ဆင်ပြီးနောက်မှာ မြန်မာနိုင်ငံက စစ်တပ်ပိုင် Mytel ကုမ္ပဏီ ၊ တရုတ်ကုမ္ပဏီ ၁၁ ခု နဲ့ ပါကစ္စတန်ကုမ္ပဏီ ၁ ခု စုစုပေါင်း ၁၃ ခုဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေး ဒါမှ မဟုတ် နိုင်ငံခြားရေး မူဝါဒတွေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြီးမှူးပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ စွမ်းအင်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ERC – သုံးစွဲသူ ရေးရာ သုံး သပ်ရေး ကော်မတီက မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
Mytel အပါအဝင် ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ ကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ အကျိုးစီးပွားတွေနဲ့ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေတယ်ဆိုတာ သက်သေပြနိုင်တဲ့ အဖွဲ့အစည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
Mytel ကုမ္ပဏီဟာ မြန်မာစစ်တပ်အတွက် လုံခြုံရေးဆိုင်ရာ စောင့်ကြည့်ပေးတာ၊ ငွေကြေးပံ့ပိုး ပေး တာတွေ လုပ်ဆောင်နေပါတယ်။
အဲဒီ ပံ့ပိုးမှုတွေက မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူး လွန်နေတာလို့ ထောက်ပြထားပါတယ်။
ဒီလုပ်ငန်းကြီးထံ ပစ္စည်းတွေ တင်ပို့မယ့်၊ ပြန်လည် တင်ပို့မယ့်၊ လွှဲပြောင်းပေးရေးတွေ အတွက် ခွင့် ပြုချက်လိုအပ်မှာဖြစ်ပြီး ဒီခွင့်ပြုချက် လိုင်စင် လျှောက်ထားမှုတွေကိုလည်း ငြင်းပယ်ချက်အဖြစ် သတ်မှတ်သုံးသပ်ရမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
Thanlwin Myanmar Media