ပေါင်းတလည်မြို့နယ်တွင် စစ်တပ်အတွင်း အတင်းအဓမ္မလူသစ်စုဆောင်းပေးနေသူ အုပ်ချုပ်ရေးမှူး အောင်နိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၈
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ်၊ ဗြူကုန်းအုပ်စုတွင် အကြမ်းဖက်စစ်တပ်အတွက် လူသစ်စုဆောင်း ပေးနေသူ အုပ်ချုပ်ရေးမှူးအောင်နိုင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ပေါင်းတည် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF-၃၆၀၁ တပ်ရင်း က ထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၁၁ နာရီခန့်ကပေါင်းတလည်မြို့၊ ဗြူကုန်းအုပ်စု၊ မြို့လှစံပြကျေး ရွာနေ အုပ်ချုပ်ရေးမှုးအောင်နိုင်ဦးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆ဝ၁ PPDF တပ် ရင်း ၊ တပ်ခွဲ ၃ မှ ရဲဘာ်များက ၎င်း၏ နေအိမ်သို့ သွားရောက်ပြီး ပစ်ခတ်ရှင်းလင်းရာ အပြင်းအထန် ဒဏ်ရာ ရရှိပြီး လူနာတင်ယာဉ်ဖြင့် ပြည်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွား ကြောင်း သိရသည်။
သေဆုံးသူ အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အုပ်ချုပ်ရေးမှူး တာဝန်မှ နှုတ်ထွက်ပြီး အကြမ်းဖက်စစ်ကောင်စီခိုင်းသမျှ မလုပ်ရန် ၃ ကြိမ် အထိ သတိပေးခဲ့ ကြောင်း၊ ထိုသို့ အကြိမ်ကြိမ်သတိပေးထားသည့်ကြားမှ နုတ်ထွက်ခြင်းမရှိပဲ အစက ထက်ပိုမို ဆိုးရွား စွာ ကျေးရွာအုပ်စုအတွင်းရှိ လူငယ်များကို အတင်းအဓမ္မစစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲရာတွင် စစ်တပ်နှင့်အတူ လိုက်ပါခြင်း၊ ကျေးရွာအုပ်စုအတွင်းပြည်သူများကို စစ်မှုမထမ်းလိုလျှင် တစ်အိမ် လှင် ၁ လ ငွေကျပ် သုံးသောင်းမှ ငါးသောင်းကျပ်အထိကောက်ခံခြင်းတို့ လုပ်ဆောင်နေသူ ဖြစ် ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်စစ်ရေးပစ်မှတ်များဖြစ်သည် အကြမ်းဖက်စစ်ကောင် စီ လက်အောက်ခံ စစ်သား၊ ရဲ၊ ထွေအုပ်စာရေးများ၊ အုပ်ချုပ်ရေးမှူး/ရာ အိမ်မှူးများကို ပြတ်သားသား အရေး ယူနေပြီဖြစ်ပါသောကြောင့်အချိန်မှီနှုတ်ထွက်၍ ပြည်သူနှင့်ပူးပေါင်းကြပါ ရန် အသိပေးတိုက် တွန်းထားသည်။
Thanlwin Myanmar Media