တောင်သာမြို့နယ်၊ ရုံးစင်ကြီးရဲစခန်းမှ ရဲတပ်သားနှင့် ဇနီးဖြစ်သူတို့ ကွမ်းယာထွက်ဝယ်စဉ် လက်နက် ၁ လက်နှင့်အတူ ဖမ်းမိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၇
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစင်ကြီး ရဲစခန်းမှ ရဲတပ်သားနှင့်ဇနီးဖြစ်သူတို့ ကွမ်းယာထွက် ဝယ်စဉ် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၆ ရက် ညနေပိုင်းက တောင်သာမြို့နယ် ၊ ရုံးစင်ကြီးရဲစခန်းမှ ရဲတသ ကျော် သောင်းသည် ၎င်း၏ အမျိုးသမီးနှင့်အတူ ကွမ်းယာဆိုင်မှ ကွမ်းဝယ်ပြီးအပြန်လမ်းတွင် တောင်သာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များက သတင်းအရ စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးစဉ် G3-အမျိုးအစား လက်နက် ၁ လက်၊ ၎င်းကျည် အတောင့် ၅၀ နှင့်အတူ လက်ရဖမ်း ဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရရှိသော ၎င်းရဲတပ်သားနှင့်ဇနီးတို့ကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိမ်းသိမ်းထားရှိကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။
Thanlwin Myanmar Media