CDM News

0 0
Read Time:2 Minute, 21 Second

မိတ္ထီလာမြို့ ရဲတပ်ရင်း ၃၅ မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင် ငွေကျပ် သိန်း ၄၀ ဆုချီးမြှ့င်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၇

 

မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် အမှတ် ၃၅ ရဲတပ်ရင်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီးအလင်းဝင်ခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံက သိရသည်။

 

ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) က ပုဂံ၊ ညောင်ဦးမြို့ ကုတင် ၁၀၀ ဆေးရုံတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော မိတ္ထိလာမြို့ ရဲတပ်ရင်း ၃၅ မှ အသက် ၁၉ နှစ်အရွယ် ရဲတသ မောင်နေ သူအောင်သည် ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -Southern YSO PDF အဖွဲ့ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့သို့ အလင်းဝင်ရောက်ရာတွင် ပါးရီ စက်ကလေး သေနတ်အမျိုးအစား ခေါ် 81 သေနတ် ၁ လတ်၊ ကျည်ဘောက်၂ ခု ၊ 7.62 ကျည် အတောင့်၅၀ တို့နှင့်အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ပြီး ရေစကြိုတောင် ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -Southern YSO PDF တပ်ဖွဲ့မှ ဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ပေးခဲ့ ကြောင်း၊ ထို့အပြင် ၎င်းနေထိုင်လိုသော အရပ်သို့ ဘေးကင်းလုံခြုံစွာ ပိုဆောင်ပေးလိုက်ကြောင်း သိရသည်။

 

ယခုအချိန်ထိ Southern YSO PDF အဖွဲ ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာသော စစ် ကောင်စီ တပ်သား အမြောက်အမြားရှိနေပြီဖြစ်ပြီး အချို့ကို ၎င်းတို့နေထိုင်လိုသော ဒေသသို့ပို့ ဆောင်ပေးထားကာ အချို့မှာ အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင် ဆောင် ရွတ်နေနေကြောင်း သိရသည်။

 

အာဏာရှင် လက်အောက်၌ တာဝန်ထမ်းဆောင်နေကြသော ရဲဘော်ညီကိုများအနေဖြင့် အာဏာရှင် မျိုးဆက်၊ အာဏာရှင်ခိုင်းဖတ် အဖြစ်မခံကြဘဲ ပြည်သူရင်ခွင်ခိုလူံကြရန် ရေစကြိုတောင်ပိုင်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ -Southern YSO PDF တပ်ဖွဲ့က တိုက်တွန်း တောင်းဆိုထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *