Sagaing News

0 0
Read Time:4 Minute, 14 Second

ရွှေဘို စခတ ၈ မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု လက်နက်မျိုးစုံ ၄၄ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၆

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အခြေစိုက် စခတ ၈ မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ လက်နက်မျိုးစုံ ၄၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါ တယ်။

 

ဇန်နဝါရီလ ၅ ရက် မနက် ၇ နာရီက ဝက်လက်မြို့နယ်၊ မှတ်ထိရွာနဲ့ မင်းကုန်းရွာကြားမှာ လယ် ကိုင်း ရွာကနေ ထွက်လာတဲ့ စခတ ၈ က ဗက မျိုးမင်းသူ ဦးစီးတဲ့ အင်အား (၇၇) ဦးပါ စစ်ကြောင်း ကို အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်နဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၅၊ ၁၅၊ ၂၃) နဲ့ ဝက်လက်မြို့နယ် ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။

 

“ကျနော်တို့က ဝက်လက်မြို့ပေါ်ကလာတဲ့ စစ်ကူအင်အားကို ဖြတ်တောက်ရေးလုပ်နေရလို့ အသေ အပျောက်စာရင်းနဲ့ လက်နက်ခဲယမ်းဘယ်လောက်သိမ်းဆည်းရရှိလဲ အတိအကျမသိရသေးဘူး။ စစ် ကြောင်းတစ်ခုလုံးကိုတော့ အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဝက်လက်နယ်မှာ ၂၀၂၄ ခုနှစ်က အခု လိုမျိုး အပြတ်မဖြုတ်နိုင်ခဲ့ဘူး။ အခု ၂၀၂၅ မှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လက် နက် တွေရခဲ့တော့ ထိထိရောက်ရောက်လုပ်နိုင်ခဲ့တာပါ” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေ အသုံးပြုတဲ့ ၆၀ မမ ပြောင်းတို (၁) လက်၊ RPG-7 (၁) လက်၊ MA-15 (ငါးကြင်းမြီး) (၁) လက်၊ MA-4 (၂) လက်၊ MA-3 (၄) လက်၊ MA-1 (၁၀) လက်၊ G-3 (၁၇) လက်၊ M-79 (၁) လက်၊ MA-13 (၅) လက်၊ MA-11 (၁) လက်၊ BA-93 (၁) လက်၊ 5.56 ကျည် (၁၁၆၄) တောင့်၊ G-3 ကျည် (၁၆၇၈) တောင့်၊ ၉မမ ကျည် (၃၆၅) တောင့်၊ ကာဘိုင်ကျည် (၃၉၇) တောင့်၊ အီနာဂါပိုကျည် (၁၄) တောင့်၊ ငါးကြင်းမြီး ကျည်ကပ် (၁) ခု၊ နာနတ်သီးဗုံး (၃) လုံး၊ သံပုရာသီး ဗုံး (၁) လုံး၊ အီနာဂါ ဗုံးသီး (၁၀) လုံး၊ ၆၀ မမ ဗုံးသီး (၆) လုံး၊ RPG-7 ဒုံးသီး (၇) လုံး၊ RPG ပိုကျည် (၇) ခု၊ နင်းမိုင်း (၅) လုံး၊ MA ကျည်အိမ် (၄၂) ခု၊ G-3 ကျည်အိမ် (၃၈) ခု၊ MA-13 ကျည်အိမ် (၁၁) ခု၊ Jammer အကြီး (၁) ခု၊ ကျည်ကာဦးထုပ် (၁၀) လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

မွန်းတည့် ၁၂ နာရီခွဲမှာ ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာကို အကြမ်းဖက်စစ်ကောင်စီရဲ့ တံတားဦး လေတပ်ကနေ တက်လာတဲ့ Yak-130 (၁) စီးနဲ့ နှစ်ကြိမ် ညနေ (၃) နာရီခွဲမှာ မိတ္ထီလာ(ရှမ်းတဲ) လေ တပ်ကနေ တက်လာတဲ့ MiG-29 (၁) စီးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီလ (၃) ရက်က ရွှေဘိုမြို့နယ်၊ စခတ-၈ အတွင်းကနေ ထွက်လာခဲ့တာ ဖြစ်ပြီး ရွှေဘိုမြို့နယ်၊ ချောင်းဆုံရွာ၊ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနဲ့ ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာတွေရောက်ရှိတုန်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

 

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ အမှတ် ၂ ခရိုင် ကွပ်ကဲရေး ရွှေဘိုခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း၂ ၊ မြို့နယ် ပကဖ နှင့် ဝက်လက်တိုက်နယ် ၂ အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

ဒါ့အပြင် ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှ MA3 အမျိုးအစား သေနတ် ၁ လက် ပျက် စီးဆုံးရှုံးခဲ့ တယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *