Sagaing News

0 0
Read Time:3 Minute, 35 Second

ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၆

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းသော အကြမ်းဖက်စစ်သား များကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း -နယ်စည်းမခြားတော်လှန်ရေးအင်အားစုထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နံနက်အစောပိုင်းက ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ နေသဖြင့် စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ အကြမ်း ဖက် စစ်သား ၇၀ ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန် အ လှန် ပစ်ခတ် တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၂၀ ကျော် သေဆုံးပြီး ၃ ဦးအရှင် ဖမ်းမိခဲ့ ကြောင်း သိရသည်။

“၄ ရက်နေ့ ညနေပိုင်းမှာ ဒီအုန္နဲဘုတ်ရွာကို ဝင်ရောက်စီးနင်းတာ။ ရွာထဲကနေ ပြည်သူတွေ ထွက် ပြေး ရတယ်။ အဲဒီနေ့က ရွာထဲမှာ ညအိပ်တာ။ ထွက်ပြေးလို့ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေလည်း ခိုးယူစားသောက်နေလို့ ၅ ရက်နေ့ မနက်အစောကြီးမှာ ဝင်တိုက်ခဲ့တာ။ လက်ရှိ လက်ကျန် စခတွေ က အုန္နဲဘုတ်ကနေ ထွက်ပြေးသွားပြီးတော့ တောထဲမှာ လောလောဆယ် အခြေပြုနေတယ်လို့ သတင်းရတယ်၊ ကျနော်တို့လည်း ဝိုင်းပတ်ပိတ်ဆို့ထားပါတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း -နယ်စည်းမခြားတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

 

ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသော MA 1 အမျိုးအစား သေနတ် ၅ လက် ၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး ၊ မြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု ၊ ၆၀ မမဗုံးသီး ၃ လုံး နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၄ စီးဖြင့် လေကြောင်းမှ အကြိမ် ၂၀ ကျော် ပစ်ကူပေးတိုက်ခိုက်ကာ အကြမ်းဖက်စစ်သားများက အုန္နဲဘုတ်ကျေးရွာအတွင်းမှ ဆုတ်ခွာ သွားကြောင်း၊ ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း -နယ်စည်းမခြားတော်လှန်ရေးအင်အားစု ၊ရွှေ ဘိုခရိင်အမှတ် ၂၃ တပ်ရင်း ၊ ကြောင်လက်သည်း တပ်ဖွဲ့၊ တပ်ရင်း ၁၈ တပ်ခွဲ ၁ ၊ ဝက်လက်မင်းသား ကြီးအဖွဲ့၊ တပ်ခွဲ၂ ProLife အဖွဲ့၊ တပ်ခွဲ ၃ ဗိုလ်သင်္ချိုင်းအဖွဲ့၊ တပ်ခွဲ ၄ ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက် ဒေါင်းနီအဖွဲ့နှင့် ဒေါင်းစစ်သည်အဖွဲ့ များ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *