Read Time:51 Second
ကဗျာကဏ္ဍ “အလှူတော်”
ပျိုးကြဲလက်
လူငယ်ဆို မောင်ဖမ်းသကွယ့်
ထောင်တန်းနဲ့ ခြောက်ကာ
ယောင်ယမ်းလို့ အံတုလာရင်
ရန်ပြုမှာ ပိုသေး။
ပုန်းကြပေါ့ လွယ်မယ်ဆို
တနယ်ပယ် မင်းလွတ်အောင်ပြေး ။
နုတ်ဖျားက အာဏာရယ်
အသပြာ ငွေပေး ။
လာဘ်ထိုးရင် နေကြေးပေါ့
သေဘေးက လွတ်အောင်။
နောက်တစ်ကြိမ် အလှည့်ကျ
မနွဲ့ရ စစ်မှုထမ်းဆောင်။
ဝင်ဆွဲခိုက် ပုန်းရှောင်ရင်
ပြုံးယောင်ယောင် နင်မဲ့ပေါ့
ရင်ထုဟဲ့ ဆွေမျိုးသာ
ကိုယ်စားခေါ်မှာ။
ဘက်ပြောင်းဖို့ သက်သက်လာရင်
လက်နက်ပါ လှူနိုင်ငဲ့လေး။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ည ၈ နာရီ ၃၆ မိနစ်
Thanlwin Myanmar Media