NUG News

0 0
Read Time:6 Minute, 3 Second

လမ်းများအားလုံးနေပြည်တော်သို့ မဟာဗျူစီမံချက်အတိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် ဟန်ချက် ညီညီ ဆင်နွှဲလျက်ရှိကြောင်း NUG အသိပေး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၆

 

လမ်းများအားလုံး နေပြည်တော်သို့ မဟာဗျူဟာစီမံချက်အတိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် ဟန်ချက်ညီညီ ဆင်နွှဲလျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

 

ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်များ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် မဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲလျက် “လမ်းအားလုံးနေပြည်တော်သို့” မဟာ ဗျူဟာ စီမံချက်အောက်တွင် အညာအောင်မြေစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေး၊ စစ်တောင်း အလွန် စစ်ဆင်ရေး၊ ရိုးမဧရာစစ်ဆင်ရေး၊ ကမ်းခြေစစ်ဆင်ရေး အစရှိသော စစ်ဆင်ရေးများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဟန်ချက်ညီ ဆင်နွှဲလျက်ရှိကြောင်း အသိပေးထားခြင်းဖြစ်သည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အဆင့်ဆင့် တာဝန်ရှိ သူ များ၏ စစ်ပညာ၊ စုဖွဲ့မှု၊ ကွပ်ကဲမှု၊ တိုက်စွမ်းရည်ပိုင်းတွင် တိုးတက် အောင်မြင်မှုများရရန် စဉ်ဆက် မပြတ် ကြိုးပမ်းလျက်ရှိပြီး စစ်ဥပဒေ၊ စစ်စည်းကမ်း၊ စစ်ဘက် ကျင့်ဝတ်လိုက်နာသည့် စနစ်ကျသော တပ်မတော်အဖြစ် ပေါ်ထွန်းလာရေးအတွက် အဆင့်ဆင့်သော ထိန်းကျောင်း ကြပ်မတ်မှု၊ အရေးယူမှု များ လုပ်ဆောင်လျက်ရှိကာ တပ်တည်ဆောက်ရေးနှင့်တိုက်ခိုက်ရေး တာဝန်ကို တပြိုင်တည်း ထမ်း ဆောင်နေဟု ဆိုသည်။

လက်နက်ခဲယမ်းမီးကျောက် ဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးတို့တွင် အကန့်အ သတ်များစွာ ရှိနေသော်လည်း နည်းလမ်းမျိုးစုံ အသုံးပြုကာ ဖြည့်ဆည်းဆောင်ရွက်လျက် ရှိကြောင်း၊ ဝယ်ယူမှုသာမက ကိုယ်တိုင်ထုတ်လုပ်သုံးစွဲရေးသည် တော်လှန်ရေးကာလတွင် အထူး အရေး ပါ ကြောင်း သိရသည်။

 

ယခုအခါ ဒရုန်းနှင့်လက်နက်ကြီးများ အပါအဝင် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေးတွင် နည်းပ ညာ အရရော၊ ထုတ်လုပ်သုံးစွဲနိုင်စွမ်းပါ မြင့်တက်လာခြင်းသည် တော်လှန်ရေး၏ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှု ဖြစ်ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။

 

ဘဏ္ဍာငွေ ရှာဖွေရေးပိုင်းတွင် တော်လှန်လူထု၏ ထောက်ပံ့လှူဒါန်းပါဝင်မှု၊ အမျိုးသား ညီညွတ်ရေး အစိုးရ အုပ်ချုပ်ရေးနယ်မြေမှ အခွန်အခ ရရှိမှုတို့ဖြင့် လည်ပတ်လျက်ရှိကာ ရန်ပုံငွေ ရှာဖွေမှု စနစ် တကျရှိရေးနှင့် ရန်ပုံငွေရရှိမှု တိုးပွားလာစေရေးအတွက် အဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ပြည်သူ့တော်လှန်ရေးဖြစ်သည့်အားလျော်စွာ လိုအပ်ချက်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိခဲ့ သော်လည်း ပြည်သူလူထုအားဖြင့် ဖြေရှင်းကျော်လွှားနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ရှေ့တော်လှန်ရေး ခရီးတွင် နောက်ထပ် လိုအပ်ချက်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ရဦးမည် ဖြစ်သော် လည်း တော်လှန်ရေးမအောင်မချင်း ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းမည်ဟူသော သံန္နိဌာန်ဖြင့် မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်ခြင်းသည် တော်လှန်ရေးအောင်ပွဲ၏ အဆုံးအဖြတ်ဖြစ်သည်ဟု ယုံကြည် ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။

 

တရားဝင်မှု (Legitimacy) (၂) ရပ် ပိုင်ဆိုင်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော် လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ၏ စုပေါင်းအားဖြင့် တရားဥပဒေနှင့်အညီ စီမံဆောင်ရွက် ခြင်း (Legality) ဟူသော စွမ်းဆောင်ရည်ကို မြှင့်တင်လျက် ဒေသအလိုက် လွတ်မြောက်မှု မှသည် ပြည်ထောင်စုတခုလုံး လွတ်မြောက်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆက် လက် ပြောဆိုထားသည်။

 

စစ်အာဏာရှင်စနစ်ဖျက်သိမ်းလျက် စစ်မှန်သော ဖက် ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရန်နှင့်စစ် အာဏာသိမ်း မှုကို ဖယ်ရှား၍ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်မှုကိုအဆုံးသတ်ရန် ဦးတည်လျက် အ မျိုးသားညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးကဏ္ဍ မဟာဗျူဟာကို ရေးဆွဲ ဖော်ဆောင် လျက်ရှိကြောင်း၊ မဟာဗျူဟာ ရည်မှန်းချက်များ အပေါ်တွင် အခြေခံလျက် (၆) လ တဖြတ် မဟာဗျူ ဟာ စီမံချက်များ ချမှတ် အကောင်အထည်ဖော်နေကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် တပ်အင်အားကို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်လိုက်နာ၍ အမိန့်ပေးကွပ်ကဲမှုစနစ် အားကောင်းလျက် တိုက်စွမ်းရည်ရှိသော တပ်မ တော်တရပ် ဖြစ်လာစေရန် တည်ဆောက်လျက်ရှိပြီး သိမ်းပိုက်နယ်မြေများကို ခိုင်မာစေလျက် ဆက် လက်ချဲ့ထွင်ကာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ပို၍ စနစ်တကျဖြစ်စေရန် ဖွဲ့စည်းလည်ပတ်ရာတွင် လိုအပ်သော အခင်းအကျင်းများ ဖော်ဆောင်ရေးတို့ကို ရည်မှန်းချက်ထားထားကြောင်း၊  ပြည်သူလူ ထု၏ ထောက်ခံပါဝင်မှု၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၏ ရိုင်းပင်းကူညီမှုဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *