ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင် EPC ရုံး၌ အထိုင်ချထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်န်ဝါရီလ ၆
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင် EPC ရုံး၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သား များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (တောင်တွင်းကြီး) ထံမှ သိရသည်။
ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန် -မန္တလေး အမှတ် ၂ လမ်း ဟောင်း၊ ရန်ကုန် -တောင်တွင်းကြီးလမ်းပိုင်းရှိ ကိုးပင် EPCရုံး၌ အထိုင်ချ တပ်ဆွဲထားပြီး ခရီးသွား မော်တော်ယာဥ်များကို ဂိတ်ဖွင့်ဆက်ကြေးကောက်ခံနေသော အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDFPNWD၊ သရက်ခရိုင်း အမှတ် ၅ တပ်ရင်း၊ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တောင်တွင်းကြီး)၊ နေပြည်တော်စစ်တိုင်း၊ တပ်ရင်း အမှတ် ၉၀၂ တောင်တွင်းကြီးတပ်ခွဲ၊ မကွေးပြောက်ကျားတပ်ဖွဲ့၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media