Tanintharyi News

0 0
Read Time:1 Minute, 39 Second

ထားဝယ်မြို့ပေါ်ရှိ တိုင်းအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အိမ်ယာနှင့် စကခ ၈ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၅

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း အစိုးရ အဖွဲ့ရုံး၊ ဝန်ကြီးများအိမ်ယာနှင့် စကခ ၈ တပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက်နေ့က ထားဝယ်မြို့အတွင်းရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကို ၁ ကြိမ်၊ ဝန်ကြီးများ အိမ်ယာကို ၂ ကြိမ်၊ စကခ – ၈ ကို ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ရေးပစ်မှတ်များကို တိကျစွာ ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ထိခိုက်ကျဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရ သည်။

စစ်ဆင်ရေးဖော်ဆောင်နေသည့်အချိန်တွင် ရာသီဥတုအခြေအနေကြောင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များဘက်မှ ဒရုန်း လေယာဉ်ငယ် ၂ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများတွင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF  Drone Team ၊ Ba Htoo Army ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် ရေဖြူ ပကဖ တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *