၂၀၂၄ ခုနှစ်အတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများကို မြေပြန့်ဒေသအထိပါ ထိုးဖောက်နိုင်ခဲ့ပြီး မန္တလေးမြို့အနီးရောက်ရှိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၅
၂၀၂၄ ခုနှစ်အတွင်း မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲများကို မြေပြန့်ဒေသအထိပါ ထိုးဖောက်နိုင်ခဲ့ပြီး မန္တလေးမြို့အနီးထိပါ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံက ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှုမှာ ထု အင်အား တည်ဆောက်လျက် မဟာဗျူဟာထိုးစစ် ဆင်နွှဲနိုင်လာခြင်း ဖြစ်ပြီး မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများကို တောင်တန်းဒေသများသာမက မြေပြန့်ဒေသများတွင်ပါ ဆင်နွှဲလာနိုင်ပြီဖြစ်ပြီး အင်အားထောင်ချီပါဝင်သည့် ရှမ်း-မန်းစစ်ဆင်ရေးဆင်နွှဲကာ မန္တလေးဒေသကို ထိုးဖောက် တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပင်လည်ဘူးမြို့ကို အောင်မြင်စွာ သိမ်းပိုက် နိုင်ပြီး လက်ရှိကာလတွင် အဓိက ရှေ့တန်း စစ် မျက်နှာသည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့အနားသို့ ရောက်ရှိလာပြီဖြစ် ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီအတွက် အရေးကြီး ခံစစ် နယ်မြေ များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ တောင်ငူနှင့် မိတ္ထီလာ စစ်နယ်မြေများကို ပုံမှန် တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထား သည်။
နိုင်ငံအလယ်ပိုင်းရှိ စစ်ကောင်စီ ထိန်းချုပ်မှု ကြီးမားသောဒေဖြစ်သည့် မြင်းခြံခရိုင်တွင်လည်း မြင်းခြံ ခရိုင် စစ်ဆင်ရေး ဆင်နွှဲကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ရေးစွမ်းရည်ကို လက်တွေ့ပြသ ခဲ့ပြီး မကွေးတိုင်း (တောင်ခြမ်း)၊ ပဲခူးတိုင်း (အနောက်ခြမ်း)၊ ဧရာဝတီတိုင်းတို့တွင်လည်း ပြောက် ကျားစစ်၊ လှုပ်ရှားစစ် အပြန့်ကျယ် လုပ်ဆာင်လျက်ရှိကြောင်း သိရသည်။
တော်လှန်ရေးအစ ပြောက်ကျားစစ် အဆင့်မှနေ၍ အင်အားထောင်ချီ ပါဝင်သည့် ထုအင်အား စုစည်း တိုက်ခိုက်မှု၊ ကြီးမားကျယ်ပြန့်သည့် နယ်မြေတလျောက် စစ်ဆင်ရေးများကို ချိတ်ဆက် ဖော်ဆောင် နိုင်မှု၊ ထောင်နှင့်ချီသည့် စစ်အင်အားကို ရွှေ့ပြောင်းကာ လိုအပ်သည့် နေရာတွင် စစ်ဆင် တိုက်ခိုက် နိုင်မှု၊ ရန်သူ့အင်အားထောင်ချီ စုပြုံကာ ခံစစ်သေဖြင့် ခုခံသည့် ခံတပ်မြို့များ၊ နယ်မြေများကို ချေ မှုန်းရှင်းလင်းနိုင်မှု စသည့် စစ်ရေးစွမ်းရည် အထူးတိုးတက် လာခဲ့ပြီး တပ်စိတ်၊ တပ်စု အဆင့် စစ်ဆင် မှုသာမကဘဲ ရန်သူ့စစ်ကြောင်းလိုက် ချေမှုန်းနိုင်မှု၊ စစ်ကြောင်းအထိနာအောင် တိုက်ခိုက် နိုင်မှုများ လုပ်ဆောင်လာနိုင်ခဲ့ကြောင်း၊ ထို့အပြင် အထူးစစ်ဆင်ရေးများဖြင့် စစ်ကောင်စီ၏ စစ်ရုံးချုပ်၊ စစ် တိုင်းဌာနချုပ် များ၊ လေတပ်စခန်းများ၊ ကပစ စက်ရုံများကိုလည်း ပုံမှန် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များသည် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ (EROs) ၏ နယ်မြေများလွတ်မြောက်ရေးအတွက်လည်း ပြည်နယ် (၇) ခု လုံးတွင် ပူးပေါင်းတိုက်ပွဲဝင်လျက် ရှိကြောင်း သိရသည်။
Thanlwin Myanmar Media