တောင်သာမြို့နယ်၊ ရွှေစည်ကြီးကျေးရွာကို စစ်တပ်က အင်ဂျင်တပ်လေထီး ၃ စီးဖြင့် ဗုံးကျဲတိုက် ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရကာ နေအိမ် ၁ လုံးပျက်စီး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၅
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွှေစည်ကြီး ကျေးရွာကို အကြမ်းဖက်စစ်တပ်က အင်ဂျင်တပ် လေထီး ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ ကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ်လူထုသပိတ်ကော်မတီထံက သိရသည်။
ယနေ့ ဇန်နဝါရီလ ၅ ရက် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်က မိတ္ထီလာမြို့မှ တက်လာသော အင်ဂျင် တပ်လေထီး ၃ စီးဖြင့် တောင်သာမြို့နယ်၊ ရွှေစည်ကြီးကျေးရွာအတွင်းရှိ နေအိမ်များပေါ်သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၈ နှစ်အရွယ် မမြင့်သန်း သေဆုံးပြီး၊ အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ပြီး နွား ၂ ေ-ကော-င် သေ ဆုံး ကာ ၂ ေ-ကာ-င် ဒဏ်ရာရရှိခဲ့ကြောင်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က အင်ဂျင်တပ်လေထီးများအသုံးပြုတိုက်ခိုက်မှုသည် တတိယ အကြိမ် မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းအင်ဂျင်တပ်လေထီး Paramotor သည် အသံအားဖြင့် ပြင်းထန် ကျယ်လောင်စွာကြားရသည့် ပစ္စည်းကိရိယာဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့်ကြိုတင်ရှောင်နိုင်သည့်အချိန်အကန့်အသတ်ရှိသည့်အတွက် အထူး ဂရု စိုက်နေထိုင်ကြပါရန် တောင်သာမြို့နယ်လူထုသပိတ်ကော်မတီက တိုက်တွန်းထားသည်။
Thanlwin Myanmar Media