တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် တိုက်ခိုက်မှု ဦးစီးအရာရှိ ၃ ဦးအပါ အ ဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၅
ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကေတုမတီလေတပ် စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးစီးအရာရှိ ၃ ဦးအပါ အဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၀၀ အချိန် ၀၅ မိနစ်က တောင်ငူမြို့ရှိ ကေတုမတီလေ တပ် စခန်း အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ လုံးအောင်မြင်စွာ ထိ ရောက် ပေါက်ကွဲခဲ့ပြီး လေတပ်ဦးစီးအရာရှိ တစ်ဦးအပါအဝင် အရာရှိ ၃ ဦးနှင့် အခြားအဆင့် ၄ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အခြားအဆင့် ၈ ဦး အပြင်းအထန်ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ကြောင်း သိရ သည်။
“ဒီတစ်ခါ အတော်ထိရောက်လို့ ကျေနပ်တယ် စစ်ကောင်စီရဲ့ လေတပ်ပြိုဖို့ အားလုံး ဝိုင်းကြိုးစား ကြဖို့ပဲ အဖွဲ့အားလုံးကို တိုက်တွန်းချင်ပါတယ်၊ အခုထုတ်ပြန်တာက နောက်ဆက်တွဲ Source ၃ ခုက နေအတည်ပြုပေးထားတဲ့ ထိခိုက်ပျက်စီးမှုတွေကို ထုတ်ပြန်ပေးတာပါ” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် လေယာဉ်ဂိုဒေါင်ထိကာ K8 လေယာဉ် ၂ စီး ရှေ့လေကာမှန်များကွဲပြီး လေယာဉ်ဘီး ရှော့ ဘားများကျိုးသွားကြောင်း၊ လေယာဉ် ဂိုဒေါင်ရှေ့ပြေးလမ်းပျက်စီးပြီး လေတပ်အုပ်ချုပ်ရေးရုံးပေါက် ကွဲ ပျက်စီးကာ အရာရှိရိပ်သာမီးလောင်ပျက်စီးခဲ့ကြောင်း၊ အရာရှိကြီး နေအိမ်နောက် မီးဖိုချောင် ပျက်စီးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့က တောင်ငူလေတပ်မှ K8၊ MiG 29၊ Mi35 လေယာဉ်များ အတက် အဆင်း အ လွန်များခဲ့သော်လည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ငြိမ်သက် သွားကာ Mi 35 တစ်စင်းသာအတက်အဆင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီ လက်အောက်မှ လွတ်မြောက်ခဲ့ မြန်မာပြည်သူတို့သည် စစ်အာဏာ ရှင် အဆက်ဆက်လက်အောက်တွင် လွတ်လပ်မှုများဆုံးရှုံးနေခဲ့ရပြီး လွတ်လပ်ရေးနေ့ ဆိုသည့်တိုင် စစ်အာဏာရှင်အောက်မှ မလွတ်မြောက်သေးပဲ ပြည်သူလူထုမှာ နေ့စဥ်နှင့်အမျှ စစ်ကောင်စီ၏ နှိပ် စက်ညှင်းပန်းမှုအောက်တွင် ဒုက္ခရောက်နေကြရကြောင်း၊ ထို့ကြောင့် ပြည်သူတို့လွတ်မြောက်ရေး အတွက် အထောက်အပံ့ဖြစ်စေရန် မျှော်မှန်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
တောင်ငူလေတပ်စခန်းသည် နှစ်သစ်ကူးည ကရင်နီဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ ပြည် သူ လူထုကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသော စစ်ကောင်စီ၏ လေတပ်များထဲမှ တောင်ပိုင်းရှိ အရေးပါသော လေတပ်စခန်းတစ်ခုဖြစ်ပြီး ပြည်သူတို့ကို လေကြောင်းတိုက်ခိုက်ရာတွင် အဓိက သုံး သည့် MiG-29 Jet Fighter နှင့် Y-12 Military Transport Aircraft တို့ ပုံမှန်အခြေပြုနေသော လေ တပ် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
လေတပ်ပြိုလျင်မြန်မာပြည်တဝှမ်းရှိတော်လှန်ရေးအင်အားစုများ အနိုင်ရပြီး မြန်မာပြည်သူတို့ စစ် အာဏာရှင် လက်အောက်မှ အမှန်တကယ် လွတ်မြောက်နိုင်ပြီဟုယုံကြည်သောကြောင့် BWM နှင့် အတူ မဟာမိတ်အဖွဲ့တို့က ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် BWM ၏ mission 28 အဖြစ် ဖော် ဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။
BWM နှင့် မဟာမိတ်များအနေဖြင့် တောင်ငူလေတပ်စခန်းကို တိုက်ခိုက်မှုမှာ ၆ ကြိမ်မြောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး BWM နှင့် မဟာမိတ် အဖွဲ့အားလုံး လုံခြုံရာကိုရောက်ပြီ ဖြစ်ကြောင်း နှင့် ရှေ့ ဆက်၍ စစ်ကောင်စီ၏လေတပ်နှင့် စစ်ရေးပစ်မှတ် အကြီးများကို တိုက်ခိုက်ကြ တော်လှန်ရေး အရွေ့အတွက် အရှိန်မြှင့်ကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media