မလှိုင်မြို့နယ်၊ သုံးတောင်ရွာနှင့် သရက်ကောင်းပင်ရွာတို့ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး ၁ ဦးအရှင်မိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၄
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ သုံးတောင်ရွာနှင့် သရက်ကောင်းပင်ရွာတို့ရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံ ခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။
ဇန်နဝါရီလ ၂ ရက် နံနက် ၁၀ နာရီခန့်က မလှိုင်မြို့နယ်၊ သုံးတောင်ရွာနှင့် သရက်ကောင်းပင်ရွာတို့၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်တပ် စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူး ပေါင်းကာ မြေပြင်၊ ဝေဟင်မှ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးကာ တပ်ကြပ်ကြီးတစ်ဦးကို G3 အမျိုး အစား သေနတ် ၃ လက်၊ ကျည်ဘောက် ၇ ဘောက်၊ ကျည် အတောင့် ၅၅၀ နှင့်အတူ ဖမ်းမိခဲ့ကြောင်း၊ ကျန်အကြမ်းဖက်စစ်သား များမှာ ဒဏ်ရာအများအပြား ရရှိကာ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ အမှတ် ၈ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း၊ ၊မိထ္တလာခရိုင် တပ်ရင်း ၂ ၊ နွားထိုးကြီး မြို့နယ် ပကဖ နှင့် မလှိုင်မြို့ နယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media