Magway News

0 0
Read Time:3 Minute, 11 Second

ငဖဲမြို့နယ်တွင် ကင်းလှည့်စစ်သားများနှင့် စစ်ကားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ အမ်းမြို့မှ ထွက်လာပြေးလာသည့် စစ်သား ၄ ဦးကို အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၄

 

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ကင်းလှည့်စစ်သားများနှင့် စစ်ကားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း People’s Revolution Alliance [PRA-Magway) တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၁ ရက် ညနေ ၅ နာရီခန့်က ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်းမှ ဆိုင်ကယ်ဖြင့်လှည့်ကင်းထွက်လာသော စစ်ကောင်စီအင်အား ၆ ဦးခန့်ကို မျှော်စင်ရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့် အကွာအရောက် PRA-Magway တပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ် သားကိုင်ဆောင်အသုံးပြုသော MA-3 အမျိုးအစား လက်နက်ငယ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ PRA – Magway တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း ပဒါန်းမှ တက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်း ဖက် စစ်ကား ၄ စီးနှင့် ကားအသေး ၁ စီးတို့ကို ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအထက် မီတာ ၁၀၀၀ ခန့်အကွာနေရာ၌ မိုင်း ၉ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကား ၁ စီး ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီ တပ်သား များကို နိုဝင်ဘာ ၂၉ ရက်နေ့တွင် ၁ ဦး၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ၃ ဦး စုစုပေါင်း ၄ ဦး ဖမ်းဆီးရရှိခဲ့ ကြောင်း သိရသည်။

 

“အမ်းစစ်ဆင်ရေးထဲကနေ ပြေးလာတဲ့သူတွေ။ ၄ ယောက်လုံးက ပြည်သူ့စစ်သင်တန်းအပတ်စဉ်က နေဆင်းထားခဲ့တဲ့ သူတွေလို့ စစ်ဆေးတွေ့ရှိရတယ်။ လက်ရှိမှာတော့ သူတို့ကို ကောင်းမွန်စွာ ထိန်း သိမ်းထားပါတယ်။ စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားတာပါ” ဟု People’s Revolution Alliance [PRA-Magway) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) သည် မိမိတစ်ဖွဲ့ချင်းဖြင့်သော်လည်း ကောင်း၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍သော်လည်းကောင်း ချမှတ်ထားပြီးဖြစ်သော စစ်ရေး ဆိုင်ရာရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *