Bago News

0 0
Read Time:4 Minute, 3 Second

တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁၀ လုံးထိ ရောက်စွာကျရောက်ပေါက်ကွဲ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၄

 

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီလေတပ်စခန်းအတွင်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ လုံး အောင်မြင်စွာထိရောက်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထဲမှ သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၀၀ အချိန် ၀၅ မိနစ်က တောင်ငူမြို့ရှိ ကေတုမတီလေ တပ်စခန်း အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ လုံးအောင်မြင်စွာ ထိရောက် ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီလေတပ်အတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း အသိရသည်။

“ကျနော်တို့ပစ်တာက မနက် ၁၂ နာရီ ၅ မိနစ်မှာ ပစ်ပါတယ်။ ကျနော်တို့ပစ်ပြီး ၄ မိနစ်အကြာမှာပဲ ခွေးတွေဘက်က ၁၂၀ မမ လို့ယူဆရတဲ့လက်နက်ကြီးနဲ့ ပထမဆုံးတစ်လုံး စပြန်ပစ်ပါတယ်။ နောက် ၁၂ နာရီ မိနစ် ၂၀ မှာ နောက်ထပ် ၂ လုံးဆက်တိုက်ပြန်ပစ်ပါတယ်။ သူတို့ ရမ်းသမ်းပစ်တာပါ။ ဒါပေ မယ့်ကျနော်တို့ အဖွဲ့ဝင်တွေအားလုံး ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီ လက်အောက်မှ လွတ်မြောက်ခဲ့ မြန်မာပြည်သူတို့သည် စစ်အာဏာ ရှင် အဆက်ဆက်လက်အောက်တွင် လွတ်လပ်မှုများဆုံးရှုံးနေခဲ့ရပြီး လွတ်လပ်ရေးနေ့ ဆိုသည့်တိုင် စစ်အာဏာရှင်အောက်မှ မလွတ်မြောက်သေးပဲ ပြည်သူလူထုမှာ နေ့စဥ်နှင့်အမျှ စစ်ကောင်စီ၏ နှိပ် စက်ညှင်းပန်းမှုအောက်တွင် ဒုက္ခရောက်နေကြရကြောင်း၊ ထို့ကြောင့်  ပြည်သူတို့လွတ်မြောက်ရေး အတွက် အထောက်အပံ့ဖြစ်စေရန် မျှော်မှန်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထား သည်။

 

တောင်ငူလေတပ်စခန်းသည် နှစ်သစ်ကူးည ကရင်နီဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ ပြည် သူ လူထုကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသော စစ်ကောင်စီ၏ လေတပ်များထဲမှ တောင်ပိုင်းရှိ အရေးပါသော လေတပ်စခန်းတစ်ခုဖြစ်ပြီး ပြည်သူတို့ကို လေကြောင်းတိုက်ခိုက်ရာတွင် အဓိက သုံး သည့် MiG-29 Jet Fighter နှင့် Y-12 Military Transport Aircraft တို့ ပုံမှန်အခြေပြုနေသော လေ တပ် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

လေတပ်ပြိုလျင်မြန်မာပြည်တဝှမ်းရှိတော်လှန်ရေးအင်အားစုများ အနိုင်ရပြီး မြန်မာပြည်သူတို့ စစ် အာဏာရှင် လက်အောက်မှ အမှန်တကယ် လွတ်မြောက်နိုင်ပြီဟုယုံကြည်သောကြောင့် BWM နှင့် အတူ မဟာမိတ်အဖွဲ့တို့က ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် BWM ၏ mission 28 အဖြစ် ဖော် ဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

 

BWM နှင့် မဟာမိတ်များအနေဖြင့် တောင်ငူလေတပ်စခန်းကို တိုက်ခိုက်မှုမှာ ၆ ကြိမ်မြောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *