မန္တလေးမြို့၊ မြစ်ငယ်မြို့ မြို့မအုပ်စု (ခ) ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေထွန်း ပစ်ခတ်ခံရပြီး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၃
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ မြို့မ အုပ်စု (၁) ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေ ထွန်း ကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်ထံက သိရသည်။
ဇန်နဝါရီလ ၁ ရက် ညနေ ၆ နာရီ ၁၀ မိနစ်က အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ရန်ကင်းရပ်ကွက်၊ စစ်ကိုင်း -မြစ်ငယ်ဒွေး လမ်းဘေး၊ “ဂျက်ဝမ်း” အရက်ရောင်းဝယ်ရေးဆိုင်ရှေ့တွင် လမ်းဖြတ် ကူးနေစဉ် ပစ် ခတ်ခဲ့ရာ ညာဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိပြီး မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ ဆောင်ကုသနေစဉ် ည ၈ နာရီအချိန်တွင်သေဆုံးသွားကြောင်း သိရသည်။
“အုပ်ကြီးစောနေထွန်းရယ်။ လက်နက်ကိုင် ပျူ ၈ ဦးရယ် ကား ၂ စီးနဲ့ ဂျက်ဝမ်းအရက်ရောင်း ဝယ် ရေး ဆိုင်မှာ ဆက်ကြေးကောက်ရင်း သောက်စားနေကြတယ် သတင်းရလို့ သွားပစ်ခဲ့တာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောကြားသည်။
သေဆုံးသူ မြစ်ငယ်မြို့ မြို့မအုပ်စု (ခ) ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးစောနေထွန်းသည် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်အဓိကလုပ်ဆောင်ပေးနေသူဖြစ်ပြီး ပျူစောထီးအဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း၊ ၎င်း၏နောက်လိုက်အပေါင်းပါများနှင့်အတူ ရပ်ကွက်နေပြည်သူလူထုအပေါ် ငွေညှစ်ခြင်း ၊ မမှန်သတင်းပေးတိုင်တန်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်ကောင်စီအတွက်ဆက်ကြေး ကောက်ပေးခြင်းတို့ လုပ်ဆောင်သူနေသူဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media