ဖြူးမြို့နယ်၊ ရမ်းနဂါးကျေးရွာ လမ်းဆုံရှိ ဟိန္ဒူဘုရားကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရမ်းနဂါးကျေးရွာလမ်းဆုံရှိ ဟိန္ဒူဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြုဲတိုက်ခိုက် ခဲ့ရာ ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း တောင်းပိုင်းစစ်ဒေသက ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက်၊ အမဲခေါင်ကျေးရွာအုပ်စု ရမ်းနဂါး ကျေးရွာလမ်းဆုံရှိ ဟိန္ဒူဘုရားကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၂ လုံးဖြင့် ကြဲချတိုက် ခိုက်ခဲ့ရာ ဈေးရောင်းဈေးဝယ်ပြုလုပ်နေကြသော အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ရပြီး ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေရာများကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကို အပြင်းအထန်ရှုံ့ ချပါကြောင်းနှင့် ၎င်းတို့၏ယုတ်မာကောက်ကျစ်မှုအား ထိုက်တန်သော ပြစ်ဒဏ်ပေးကာ စီရင်သွား မည် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသက အသိပေးထား သည်။
Thanlwin Myanmar Media