Poem

0 0
Read Time:1 Minute, 3 Second

ကဗျာ ကဏ္ဍ “မုဆိုးမတို့ရွာ”

 

ပျိုးကြဲလက်

 

အာဏာ့ရှင် ဝန်ကိုထမ်းလို့

မရဏလမ်း မြန်းသူမှာ ။

 

ကျန်ရစ်သူ ငိုသံနှောပါ့

သောကစုံစွာ ။

 

ဗိုလ်ချုပ်တို့ ဆုံတဲ့ရွာ

ခြံတိုက်တာ ဝင့်ကြွား ။

 

မုဆိုးမမှာ ဝမ်းစာရဖို့

ကြိုးကုတ်တအား ။

 

ဦးဆောင်သူ ဉာဏ်နုသမို့

မိသားစု ပြိုရတာ ။

 

ကျန်ရစ်သူ အခြေကျဖို့

ရှာရဝမ်းစာ ။

 

မုဆိုးမတို့ ဆုံတဲ့ရွာ

ကံကြမ္မာ ခေသေး ။

 

ကိုယ့်တပ်ကို သူပြန်နင်းတယ်

ဖျင်းတဲ့ စစ်ခွေး ။

 

သူ့ဝန်ကို ကိုယ်ထမ်းလို့

ရှေ့တန်းမှာ ကြွေခဲ့ရင် ။

 

ဗိုလ်ချုပ်တွေ ဂြိုဟ်မွှေထားတဲ့

မုန့်ဟင်းခါးမြင် ။

 

အချိန်ရှိခိုက် ပြည့်ရင်ခွင်

ခိုနိုင်ရင် လွတ်သေး ။

 

မုဆိုးမရွာ ဘယာကင်းအောင်

မင်းလွတ်အောင်ပြေး ။     ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နံနက် အစောပိုင်း ၁ နာရီ ၁၆ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *