Mandalay News

0 0
Read Time:3 Minute, 56 Second

စစ်ကိုင်းတိုင်း တပ်မဟာ အသစ်တစ်ခုထပ်မံဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်းရှိတော်လှန်ရေး အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီပူးပေါင်းစစ်ဆင်သွားမည်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃၁

 

စစ်ကိုင်းတိုင်း တပ်မဟာ အသစ်တစ်ခုထပ်မံဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီ ပူးပေါင်းစစ်ဆင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး) တပ်ဖွဲ့က ယမန်နေ့ညပိုင်းက ထုတ်ပြန်သည်။

 

လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲစည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း ၊ စစ်ကိုင်း တပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော် လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေး တပ်ဖွဲ့ များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိပါ ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကျနော်တို့ အနေနဲ့ စစ်ကိုင်းတပ်မဟာသစ်ဖွဲ့စည်းခြင်းပတ်သက်ပြီးတော့ လုံလောက်တဲ့ ကြိုတင် ပြင်မှုတွေဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ ၊ မဟာမိတ်ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင်ကိုမှ ကျနော်တို့ ထပ်ပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းဖို့ ရှိလာမယ့်၊ ပူးပေါင်း လာမယ့် အင် အားစုတွေအသစ်တွေကိုလည်း တံခါးဖွင့်ကြိုဆိုသွားဖို့ရှိပါ့မယ်။ လက်ရှိ အချိန်မှာတော့ ကျနော်တို့ စစ်ကိုင်းတပ်မဟာနဲ့ပတ်သက်ပြီးတော့ တပ်နေရာချထားရေး၊ စစ်ဆင်ရေးဖော်ဆောင်မှုတွေနဲ့ ပတ် သက်ပြီးတော့ အကျယ်တဝင့်ထုတ်ပြန်ဖို့မရှိသေးပါဘူး။” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောကြားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဖြစ်ပြီး ၂၀၂၄ ခု နှစ် တစ်နှစ်တာအတွင်း အကြမ်းဖက် စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ကာ ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ကြောင်း သိရသည်။

 

“ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ လက်ရှိစိုးမိုးထိန်းချုပ်နယ်မြေအနေနဲ့က စစ်ကိုင်း တိုင်းဘက်မှာ ရှိတဲ့ ဒေသတစ်ချို့က ပထဝီအနေအထားအရ ချိတ်ဆက်နေတာဖြစ်တယ်။ ဒါကြောင့် မို့ကျနော်တို့ဟာ ရှေ့ဆက်ပြီးတော့ ဖော်ဆောင်မယ့် စစ်ဆင်ရေးတွေမှာ စစ်ကိုင်းဘက်အခြမ်းကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရတာမျိုးတွေရှိလာတယ်။ ဒီအတွက်ကြောင့်မို့ပဲ ကျနော်တို့ဟာ စစ်ကိုင်းတပ်မဟာဖွဲ့စည်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ တနည်းအားဖြင့်ပြောရရင်တော့ ကျနော်တို့ ရဲ့ ၂၀၂၅ ထဲမှာ အရှိန်မြှင့်ပြီးတော့ စစ်ဆင်ရေး တွေဖော်ဆောင်လုပ်မယ့် လုပ်ငန်းစဉ်တွေထဲက တစ်ခုလို့ ပြောရင်ရပါတယ်။” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့် ရှိသူ ကိုအော်စမွန်က ရှင်းပြသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *